Issue 50

DITP သည် ဧပြီလ ၂၉ ရက်နေ့ တွင် အကောက်ခွန်ငှာန နှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့  များကဲ့သို့ သော သက်ဆိုင်ရာအစိုးရလုပ်ငန်းငှာနများနှင့်အတူ အကြီးစားစက်မှုလုပ်ငန်းများ၏ကိုယ်စားလှယ်အဖွဲ့ အစည်းများကို တွေ့ ဆုံခဲ့ပါသည်။ တွေ့ ဆုံပွဲတွင် လက်ရှိ ပို့ ကုန်လုပ်ငန်းအခြေအနေ နှင့် အကြီးစားစက်မှုလုပ်ငန်း အတွက် ပန်းတိုင်ဖြစ်သည့် တင်ပို့ မှု ၅% တိုးတက်လာစေရေးအား မည်ကဲ့သို့ ရရှိနိုင်မည့်အကြောင်းအရာများကို ဆွေးနွေး ပြောဆိုခဲ့ကြပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ကုန်သွယ်ရေးနဲ့ သက်ဆိုင်တဲ့အဟန့် အတားတွေကို ချက်ချင်းပယ်ဖျက်ပေးဖို့ အတွက် ၀န်ကြီးချုပ် ဥက္ကဌ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီမှာ အစည်းအဝေးမှာပြောဆိုဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာတွေကို DITP အစီရင်ခံတင်ပြပြောဆိုသွား မှာဖြစ်ပါတယ်။ ဒါ့အပြင်၊ အကြီးစားစက်မှုလုပ်ငန်းထုတ်ကုန်တင်ပို့ ရောင်းချတာကို တိုးမြှင့်နိုင်ဖို့ အတွက် AEC၊ လက်တင်အမေရိက နဲ့ အာဖရိကတို့ လို ဈေးကွက်သစ်တွေမှာ အရောင်းမြင့်တင်ရေးဆောင်ရွက်မှုတွေကို DITP က ဦးဆောင်ကျင်းပသွားမှာဖြစ်ပါတယ်" ဟုဆိုသည်။

မော်တော်ကား၊ ကားအပို ပစ္စည်းများနှင့် အလှဆင် ပစ္စည်းများ၊ လေအေးပေးစက်၊ ပါရာသစ်သား နှင့် လွှစာမှုန့်  အစရှိ သည်များကဲ့သို့ သောသစ်ထုတ်လုပ်ရေးမှထွက်ရှိလာသည့် စွန့် ပစ်ပစ္စည်းများဖြင့်ပြုလုပ်ထားသည့် သစ်လောင်စာ လုံးလေးများ၏ ၀ယ်လိုအားမြင့်တက်လာစေရန် မျှော်လင့်နေပါသည်။ ၂၀၁၆ ခုနှစ် ပထမလေးလ ပတ်အတွင်း အကြီးစားစက်မှုလုပ်ငန်းထုတ်ကုန်များ၏ တင်ပို့ ရောင်းချရခြင်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂.၂၇ ဘီလီယံအား ရရှိခဲ့ပြီး၊ ထိုင်းနိုင်ငံ ပို့ ကုန်လုပ်ငန်းပေါင်းတန်ဖိုး၏ ၅၉.၉၅% ရှိသည်။

 

 

368995