Issue 50

ယခုနှစ် ကျောက်မျက်နှင့်လက်ဝတ်ရတနာများတင်ပို့ ရောင်းချရသည့်လုပ်ငန်းသည် ၁၀ % တိုးတက်၍ အမေရိကန်ဒေါ်လာ ၇.၈၉ ဘီလီယံ (ထိုင်းဘတ်ငွေ ၂၇၈ ဘီလီယံ) ရရှိရန်မျှော်လင့်ထားကြောင်း DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ဧပြီလ ၂၆ ရက်နေ့ တွင်ပြောကြားပါသည်။

"ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကဏ္ဍမှာ အခက်အခဲတွေအများကြီးရှိနေပေမဲ့ ထိုင်းနိုင်ငံရဲ့ လက်ဝတ်ရတနာနဲ့  အဆင်တန်ဆာတွေ တင်ပို့ ရောင်းချတဲ့လုပ်ငန်းကတော့ အရည်အသွေးနဲ့ ကောင်းမွန်တဲ့ဒီဇိုင်းတွေကြောင့်

ဈေးကွက်အတော်များများမှာ ခိုင်ခိုင်မာမာတိုးတက်လာ မှာပါ" ဟု Choklumlerd မှဆိုသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန၏ပြောကြားချက်များအရ ၂၀၁၆ ခုနှစ်၏ ပထမလေးလအတွင်းတွင် ရွှေအားချန်လှပ်၍ လက်ဝတ်ရတနာနှင့်အဆင်တန်ဆာပစ္စည်းများအား တင်ပို့ ရောင်းချရခြင်းသည် ၃.၁% တိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၉၈ ဘီလီယံအား ရရှိခဲ့ကာ၊ ရွှေအပါအ၀င် လက်ဝတ်ရတနာနှင့် အဆင်တန်ဆာပစ္စည်းများအား တင်ပို့  ရောင်းချသည့်လုပ်ငန်းမှာ ၇၂.၃% သို့ တိုးတက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၄.၇၂ ဘီလီယံ ရရှိခဲ့ပါသည်။

DITP မှကြီးမှူးကျင်းပမည့် ၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့်လက်ဝတ်ရတနာပြပွဲကြီးအား စက်တင်ဘာလ ၇ ရက်မှ ၁၁ ရက် နေ့ အထိ Muang Thong Thani ရှိ IMPACT ၌ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါ သည်။ ပြပွဲအခမ်းအနားကြီးသို့  ကမ္ဘာအ၀ှမ်းမှ ဧည့်ပရိသတ်ပေါင်း ၃၀,၀၀၀ ခန့် တက်ရောက်ရန်မျှော်လင့်ထား သည်။

 

369132