Issue 49

အော်ဂဲနစ်နှင့် သဘာဝ ပြပွဲ၌ ပါဝင်ပြသရန် အာဆီယံလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်း

ကုန်သွယ်ရေးဝန်ကြီးငှာနမှ ဘန်ကောက်ရှိ မိဖုရားကြီးသီရိခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာ (Queen Sirikit National Convention Centre) တွင် ဇူလိုင်လ ၂၈ ရက်မှ ၃၁ ရက်နေ့ ထိပြုလုပ်ကျင်းပမည့် အော်ဂဲနစ် နှင့် သဘာဝ ပြပွဲ ၂၀၁၆ ခုနှစ် တွင် (Organic & Natural Expo 2016) ၄င်းတို့ ၏ထုတ်ကုန်များကို ပါဝင်ပြသရန် အတွက် အာဆီယံစီးပွားရေးလုပ်ငန်းများကို ဖိတ်ခေါ်ထားပါသည်။

"အစားအသောက်နဲ့ လယ်ယာထုတ်ကုန်တွေအတွက် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေး ရင်းမြစ်တွေ၊ ပို့ ကုန်တင်ပို့  တဲ့နိုင်ငံတွေထဲက အဓိက အသိုက်အ၀န်းတစ်ခုအဖြစ် အာဆီယံရဲ့ အရေးပါမှုကို ကုန်သွယ်ရေးဝန်ကြီးငှာနက သဘောပေါက်နားလည်ထားတယ်။ ကျွန်မတို့ ကဒီပြပွဲကြီးကို လာမယ့်နှစ်မှာ အော်ဂဲနစ်နဲ့ သဘာဝ ပြပွဲအာဆီယံ (Organic & Natural Expo ASEAN) အဖြစ်အဆင့်မြင့်တင်နိုင်ဖို့ စီစဉ်နေပါတယ်" ဟု ကုန်သွယ်ရေးဝန်ကြီးငှာန ၀န်ကြီး Apiradi Tantraporn မှဆိုပါသည်။

ယခုနှစ်ပြပွဲ၏ အဓိကအကြောင်းအရာများတွင် အာဆီယံပြခန်းများ၊ အော်ဂဲနစ်ကျေးရွာ၊ ထုတ်ကုန်သရုပ်ပြပွဲများနှင့် အော်ဂဲနစ်ထုတ်ကုန်ဆိုင်ရာဟောပြောပွဲများ ပါဝင်ပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အော်ဂဲနစ်ထုတ်ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၇ သန်း (ထိုင်းဘတ် ၂ ဘီလီယံ) တန်ဖိုးရှိပြီး ၄င်းတို့ မှ ၇၇.၉% မှာ ပို့ ကုန်တင်ပို့ ရောင်းချသည့်တန်ဖိုး ဖြစ်ပါသည်။

 

 

387951