Issue 49

DITP မှ ၄င်း၏ အသေးစားနှင့်အလတ်စားလုပ်ငန်းများဆိုင်ရာ အပြုသဘောဆောင်သည့် သုံးနှစ်တာ လုပ်ငန်းစီမံကိန်း (၂၀၁၆-၂၀၁၈ ခုနှစ်) မှတဆင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုကို တိုးတက်လာစေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ဧပြီလ ၂၆ ရက်နေ့ တွင် ပြောကြားလိုက်ပါသည်။

Choklumlerd မှ "အသေးစားနှင့်အလတ်စားလုပ်ငန်းများဆိုင်ရာ အပြုသဘောဆောင်တဲ့ လုပ်ငန်းစီမံကိန်း က SME လုပ်ငန်းတွေအတွက် နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရင်း အတွေ့ အကြုံတွေရနိုင်တဲ့၊ အခြား နိုင်ငံတွေမှာရှိတဲ့ ၀ယ်သူတွေနဲ့  စားသုံးသူတွေရဲ့ အပြအမူအကျင့်စရိုက်တွေကို သိရှိနားလည်လာနိုင်တဲ့ အခွင့်အလမ်းပဲဖြစ်ပါတယ်" ဟု ဆိုပါသည်။

လုပ်ငန်းစီမံကိန်း သည် ငှာန၏ ၂၀၁၆ ခုနှစ် ပို့ ကုန်တိုးတက်မြင့်မားစေရေး အစီအစဉ်နှင့် ကိုက်ညီ၍ ဘတ်ဂျက် ဘတ်သန်းပေါင်း ၄၀၀ (အမေရိကန်ဒေါ်လာ ၁၁.၄ သန်း) ရရှိထားပါသည်။

ယခင် လုပ်ငန်းစီမံကိန်း (2013-2015်) သည် ကုမ္ပဏီပေါင်း ၂,၆၀၂ ခုအား ပို့ ကုန်တင်ပို့ သူများဖြစ် လာစေရန် အတွက် ကူညီပေးခဲ့ပါသည်။ ထိုအချိန်အတွင်း၊ လုပ်ငန်းလိုက်ဖက်ကိုက်ညီသည့်ဆောင်ရွက်မှုများတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီပေါင်း ၄၂၇ ခုသည် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၆၉ သန်းအား ရရှိခဲ့ပါသည်။

 

 

368974