Issue 49

မိုင်ယာမီမြို့ ရှိ DITP ရုံး၏အစီရင်ခံစာအရ အမေရိကန်နိုင်ငံရှိ ခွေးနှင့်ကြောင်တို့ ၏အစာဈေးကွက် မှာ အမေရိကန်ဒေါ်လာ ၂၁.၁၉ ဘီလီယံ တန်ဖိုးရှိပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈.၁၉ ဘီလီယံ သို့ ရောက် ရှိရန်အတွက် မျှော်မှန်းထားကြောင်း သိရပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "ထိုင်းနိုင်ငံမှာရှိတဲ့ ခွေးစာနဲ့ ကြောင်စာထုတ်လုပ်သူတွေနဲ့  တင်ပို့ သူတွေက အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ချင်တယ်ဆိုရင် အိမ်မွေးတိရိစ္ဆာန်အစာ တင်သွင်း တာနဲ့ ပတ်သက်တဲ့ USFDA လမ်းညွှန်ကို သေသေချာချာလေ့လာထားဖို့ လိုပါတယ်" ဟု ဧပြီလ ၁၆ ရက်နေ့ က ပြောကြားပါသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့ သည့် ခွေစာနှင့်ကြောင်စာ လုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၉၁ သန်းအား ရရှိနေပါသည်။ ၀ယ်လိုအားမြင့်နေသည့် ကုန်များတွင် အော်ဂဲနစ် အိမ်မွေးတိရိစ္ဆာန်စာ၊ သဘာဝပါဝင်ပစ္စည်းများနှင့် ဂလူတန်ကဲ့သို့ ဓာတ်မတည့်မှုဖြစ်ပွားစေနိုင်သည့် အရာများကင်းလွတ်သည့် အစာများ ပါဝင်ပါသည်။

 

 

374733