Issue 49

ကုန်သွယ်ရေးဝန်ကြီးငှာန၀န်ကြီး Apiradi Tantraporn နှင့် အမေရိကန်ကုန်သွယ်ရေးဆိုင်ရာကိုယ်စားလှယ် Michael B. Froman တို့ သည် ဧပြီလ ၂၂ ရက်နေ့ က ၀ါရှင်တန်ဒီစီ၌ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု သဘော တူညီမှုဘောင် (Trade and Investment Framework Agreement (TIFA)) အတွင်းမှ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာကဏ္ဍ တိုးချဲ့ ရေး အတွက်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

"ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံကို အခုနောက်ပိုင်း အမေရိကန်နိုင်ငံမှာဝယ်လိုအားမြင့်တက်လာတဲ့ ခရီးသွားလာ ရေးဆိုင်ရာပစ္စည်း နဲ့ အုန်းရည် အပါအ၀င် နောက်ထပ်ထိုင်းကုန်စည်တွေအတွက် အထွေထွေဦးစားပေးစီမံချက် (GSP [General Scheme of Preferences]) ပေးဖို့ အတွက်တောင်းဆိုထားပါတယ်" ဟု Tantraporn မှပြောပြ ပါသည်။

ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အခြားအကြောင်းအရာများတွင် အသိဥာဏ်ပစ္စည်းဥစ္စာဆိုင်ရာမူပိုင်ခွင့်၊ အမေရိကန်နိုင်ငံ ၏ အစားအသောက်လုံခြုံရေးဆိုင်ရာဥပဒေသစ် နှင့် ထိုင်းအရာရှိများအတွက် မူပိုင်ခွင့်ဆိုင်ရာသင်တန်းအတွက် ပူးပေါင်းဆောင်ရွက်ခြင်းများပါဝင်ပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန၏ပြောကြားချက်အရ အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ တတိယအကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး ယမန်နှစ်တွင် အပြန်အလှန်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၇.၉၂ ဘီလီယံ ရရှိခဲ့ပါသည်။ ထိုင်းမှ အမေရိကန်နိုင်ငံသို့ တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၄.၀၅ ဘီလီယံ နှင့် အမေရိကန် မှ တင်သွင်းသည့်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃.၈၆ ဘီလီယံ ဖြစ်ပါသည်။

 

368643