Issue 49

Thaitrade.com ၏ လုပ်ငန်းစီမံကိန်း တစ်ခုဖြစ်သည့် The Smart Online SMEs (S.O.S.) (စမတ်အွန်လိုင်း အသေးစား နှင့် အလတ်စားလုပ်ငန်းများ) မှ World Summit on the Information Society (WSIS Prize 2016) (သတင်း အချက်အလက်အဖွဲ့ အစည်းဆိုင်ရာ ကမ္ဘာ့အထွတ်အထိပ်) ဆုအား ဆွတ်ခူးရရှိကြောင်း မေလ ၃ ရက် နေ့ က ထုတ်ပြန်ကြေငြာခဲ့ပါသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "DITP က Thaitrade.com အားဖြင့် S.O.S. လုပ်ငန်းစီမံကိန်း က နေတဆင့် ၀န်ဆောင်မှုပေးရတာကို ဂုဏ်ယူရပါတယ်။ အွန်လိုင်းမဲပေးစနစ် ကြောင့် စီမံကိန်းကြီးက WSIS Prize 2016 ဆုကြီးကိုဆွတ်ခူးရရှိခဲ့တာပါ။ လွယ်ကူသက်သာပြီး အမျိုးမျိုးအသုံးပြုနိုင်တဲ့ ဒီဂျစ်တယ် မီဒီယာ ဆက်သွယ် ရေး ရဲ့ တီထွင်ဆန်းသစ်တဲ့အသုံးပြုပုံကို အသိအမှတ်ပြုလိုက်တာပဲဖြစ်ပါတယ်" ဟုဆိုပါသည်။

၂၀၁၃ ခုနှစ်ကတည်းကပင် S.O.S လုပ်ငန်းစီမံကိန်း ကြီးသည် ထိုင်းလုပ်ငန်းရှင် ၁,၆၈၄ ဦး၏ အွန်လိုင်းကုန်သွယ်မှု လုပ်ငန်းစွမ်းအားကို တိုးမြှင့်နိုင်ခဲ့ပြီး အွန်လိုင်းမှတဆင့်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုပ်ငန်းအားလုံး သည် အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံကျော် (ထိုင်းဘတ်ငွေ သန်း ၂,၀၀၀) တန်ဖိုးရှိပါသည်။

ကမ္ဘာ့ ကုလသမဂ္ဂ တယ်လီကွန်မြူနကေးရှင်း ယူနီယံ (United Nation's International Telecommunication Union (ITU)) မှ WSIS Prize 2016 ဆုအား ကြီးမှူးကျင်းပချီးမြှင့်ခြင်းဖြစ်ပါသည်။

 

 

 

386829