Issue 48

DITP ၏ ကွမ်ကျိုး (Guangzhou) ရုံး ဒါတာရိုက်တာဖြစ်သည့် Pannakarn Jiamsuchon သည် Shunde ရာဘာ သစ်အဖွဲ့ အစည်း (Shunde Rubberwood Association) ၏ ဥက္ကဌ Xie Jinhe နှင့် မတ်လအတွင်း ကွမ်တုံ (Guangdong) ပြည်နယ်တွင် တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။

Jiamsuchon မှ "ထိုင်းနိုင်ငံရဲ့ ရာဘာသစ်အတွက် ကွမ်တုံက အဓိကဈေးကွက်တွေထဲက တစ်ခုပါ။ ဒီပြည်နယ်ထဲ က ကုမ္ပဏီတွေက ပရိဘောဂတွေထုတ်လုပ်ဖို့ နဲ့ အိမ်တွင်းအလှဆင်ဖို့ အတွက် ထိုင်းရာဘာသစ်ကို ၀ယ်ယူ တင်သွင်းကြတယ်။ ထိုင်းရာဘာသစ်ကို လိုအပ်ကြတယ်။ ဘာကြောင့်လဲဆိုရင် အရည်အသွေးကောင်းတာအပြင် အရောင်အသွေးကလည်း လှပပြီး အပြစ်အနာအဆာနည်းတယ်" ဟုပြောပြပါသည်။

Shunde မှရာဘာသစ်များကို နေ့ စဉ်ကွန်တိန်နာနှစ်လုံးစာ ၀ယ်ယူတင်သွင်းလျက်ရှိပြီး ကွမ်တုံပြည်နယ်တွင် ရာဘာသစ်စက်ရုံပေါင်း ၁၀၀ ကျော်ရှိပါသည်။

 

368773