Issue 48

မန္တလေး၊ စီယမ်ရိ(ပ်) (Siem Reap) နှင့် လွမ်ပရာဘန်(ဂ်) (Luang Prabang) ကဲ့သို့ သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံများရှိ ဒုတိယ (Tier II) မြို့  တော်ကြီး ၁၆ မြို့ တွင် စီးပွားရေးအခွင့်အလမ်း များကို စူးစမ်းလေ့လာရှာဖွေမှုများပြုရန်အတွက် DITP မှ နည်းဗျူဟာချမှတ်ရေးဆွဲထားကြောင်း DITP ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ဧပြီလ ၁၀ ရက်နေ့ တွင်ပြောကြားပါသည်။

"ကျွန်မတို့ တွေ ကျွန်မတို့ ရဲ့ ကုန်သွယ်ရေးဆိုင်ရာကိုယ်စားလှယ်တွေကို ဦးတည်ထားတဲ့မြို့ တွေမှာ ထုတ်ကုန် ပစ္စည်းတွေရောင်းချဖို့ အတွက် တာဝန်ပေးအပ်သွားမှာဖြစ်သလို၊ ၀ယ်သူတွေနဲ့ တင်သွင်းသူတွေကိုလည်း ထိုင်း ထုတ်လုပ်သူတွေနဲ့ တွေ့ ဆုံဖို့ အတွက်ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဈေးကွက်တွေမှာ ၀ယ်လိုအား မြှင့်တင်နိုင်ဖို့ အတွက် ကုန်ပစ္စည်းတွေရဲ့ ရောင်းအားမြှင့်တင်ရေးအစီအစဉ်တွေကျင်းပသွားဖို့ အတွက်လည်း စီစဉ် သွားမှာဖြစ်ပါတယ်" ဟု Choklumlerd မှဆိုပါသည်။

ထိုင်းနိုင်ငံရက်သတ္တပတ် နှင့် မီနီထိုင်းနိုင်ငံရက်သတ္တပတ် (Thailand Week and Mini Thailand Week) ကဲ့သို့  သော ကုန်စည်ပြပွဲများကို စီစဉ်ကျင်းပသွားမည့်အပြင် ငါးနိုင်ငံအတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွား လာရေးဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေးများကို မြှင့်တင်သွားရန်ရည်ရွယ်၍ ဘန်ကောက်တွင် ဇွန်လ ၁၆ ရက် နေ့ မှ ၁၈ ရက်နေ့ အထိပြုလုပ်ကျင်းပမည့် "အောင်မြင်ဖြစ်ထွန်းကြီးပွားမှု အားမျှဝေခံစားရေးသို့ " ('Towards a Shared Prosperity') ဟူသောခေါင်းစဉ်ဖြင့် CLMVT ဖိုရမ်အား DITP မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးသွားမည် ဖြစ်ပါသည်။

 

 

386848