Issue 48

DITP သည်၎င်းတို့ ၏ကုန်ပစ္စည်းများကို အာရပ်စော်ဘွားများပြည်ထောင်စု (the United Arab Emirates (UAE))သို့ တင်ပို့  ရောင်းချရန်အတွက် ထိုင်းဆေးဖက်ဝင်အပင်များအသုံးပြုထုတ်လုပ်သည့် အလှကုန်ပစ္စည်း ကုမ္ပဏီများ ကိုတိုက်တွန်းအားပေးနေပါသည်။ DITP ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ UAE သည် အလှကုန်ပစ္စည်းများနှင့် ဟာလာထုတ်ကုန်များအတွက်အရေးပါသည့် ဈေးကွက်တစ်ခု ဖြစ်ကြောင်းနှင့် ဒေသတွင်း ရှိတိုင်းနိုင်ငံအသီးသီးသို့  ပစ္စည်းများကိုဖြန့် ဖြူးရောင်းချပေးရာ အချက်အချာ နေရာတစ်ခုအဖြစ်အသုံးပြုနိုင် ကြောင်း ဧပြီလ ၈ ရက်နေ့ တွင်ပြောကြားပါသည်။

သူမမှ "ဒီဈေးကွက်ထဲမှာ ထိုင်းဆေးဖက်ဝင်အပင်တွေကိုအသုံးပြုထုတ်လုပ်ထားတဲ့အလှကုန်တွေတိုးတက် ကြီးပွားနိုင်မဲ့အလားအလာရှိတယ်။ ဘာကြောင့်ဆိုရင် သူတို့ တွေကတစ်မူထူးတဲ့အတွက်ကြောင့်ပါ။ အရည် အသွေးမြင့်မားကောင်းမွန်တာအပြင် တစ်ခြားနိုင်ငံတွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဒီအလှကုန် တွေကို လှလှပပထုပ်ပိုးပြင်ဆင်ပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချဖို့ လည်းလိုပါတယ်" ဟုဆိုပါသည်။

ယခုနှစ်တွင် UAE နိုင်ငံရှိ အလှကုန်နှင့် တစ်ကိုယ်ရေစောင့်ရှောက်ရေးထုတ်ကုန်ပစ္စည်းများ၏ ဈေးကွက်သည် ၄.၈% တိုးတက်လာမည်ဟုကြိုတင်ခန့် မှန်းပြောဆိုထားကြပါသည်။

 

 

368784