Issue 48

ထိုင်းနိုင်ငံသည် ယူကေနိုင်ငံသို့ အုန်းရည်များကိုတင်သွင်းနေသည့် တစ်ဆယ့်တစ်ဦးမြောက်အကြီးမားဆုံးသော

ပို့ ကုန်လုပ်ငန်းရှင်ဖြစ်သည်ဟု DITP ၏ညွှန်းကြားရေးမှူးချုပ် Malee Choklumlerd မှ ဧပြီလ ၁ ရက်နေ့ တွင် ပြောကြားလိုက်ပါသည်။

ယူကေနိုင်ငံသည် ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၄.၁၂ သန်းတန်ဖိုးရှိ စစ်မှန်သန့် စင်သည့် သစ်သီး ဖျော်ရည်များကို ၀ယ်ယူတင်သွင်းလျက်ရှိပြီး ယခင်နှစ်ထက် ပမာဏ ၁၄၀% နှင့်အထက်ရှိပါသည်။ အုန်းရည်သည် ၀ယ်ယူတင်သွင်းသည့် ထိပ်တန်းဖျော်ရည်ဖြစ်ပြီး အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀ သန်း ရရှိခဲ့ကာ၂၀၁၄ ခုနှစ် ထက် ၅၉၅% ပိုမိုပါသည်။

Choklumlerd မှ "ယူကေနိုင်ငံက စားသုံးသူတွေ ကြားမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဖျော်ရည်တွေက လူကြိုက် များ ခေတ်စားတယ်။ ဒီခေတ်ရေစီးကြောင်းက သစ်သီးဖျော်ရည်ဈေးကွက်ကို အကြီးအကျယ်ကို အကျိုးအမြတ် ဖြစ်စေတယ်။ ပြီးတော့ ဒီဟာကလည်း ထိုင်းနိုင်ငံအတွက် အုန်းရည်တွေကို ပိုပြီးတင်ပို့ ရောင်းချလို့ ရစေမယ့် အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်" ဟုပြောဆိုပါသည်။

 

 

365821