Issue 48

ကုန်သွယ်ရေးဝန်ကြီးငှာန၀န်ကြီး Apiradi Tantraporn သည် နှစ်နိုင်ငံကြားကုန်သွယ်မှုကိုတိုးမြင့်ရန်နှင့် အာဆီယံ- ဟောင်ကောင် လွတ်လပ်စွာကုန်သွယ်ခွင့် ဆွေးနွေးညှိနှိုင်းမှုများပြုရန်အတွက် ဟောင်ကောင်သို့ ဧပြီလ ၅ ရက် မှ ၇ ရက်နေ့ အထိသွားရောက်လည်ပတ်ခဲ့ပါသည်။

ထိုင်းပို့ ကုန်လုပ်ငန်းရှင်များမှ အရည်အသွေးမြင့် ဆန်တန်ချိန် ၁၅၀,၀၀၀ အားရောင်းချရန်အတွက် ဟောင်ကောင် သွင်းကုန်လုပ်ငန်းရှင်များနှင့် နားလည်မှုစာချွန်လွှာ (Memorandum of Understanding (MoU)) အားလက်မှတ် ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာအရ ဟောင်ကောင်ရှိ ကုမ္ပဏီ ခုနှစ်ခုသည် ထိုင်းဆန်ပို့ ကုန်လုပ်ငန်းရှင် များထံ မှ ဆန်တန်ချိန် ၁၅၀,၀၀၀ အားဝယ်ယူရန်အတွက် သဘောတူညီထားပါသည်။

၂၀၁၆ ခုနှစ်အတွင်း ဟောင်ကောင်ရှိ ထိုင်းနိုင်ငံ၏ဈေးကွက်ကို ၅၇% မှ ၆၅% အထိတိုးမြှင့်သွားနိုင်ရန်အတွက် ကုန်သွယ်ရေးဝန်ကြီးငှာနမှ စီစဉ်ထားရှိပါသည်။

 

 

389170