Issue 47

DITP မှ ဒီဇိုင်းအကောင်းမွန်ဆုံးဆု ၂၀၁၆ ခုနှစ် (Design Excellence Award (DEmark) 2016) အား စတင် အကောင်အထည်ဖော်ဆောင်လိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ရှိ IMPACT Muang Thong Thani တွင် မတ်လ ၁၁ ရက်နေ့ ကကြောညာလိုက်ပါသည်။
DITP ဒုတိယ ညွှန်ကြားရေးမှူးချုပ် Supapat Ongsangkoon မှ ယခုအခါတွင် ကိုးနှစ်မြောက်သို့ ချဉ်းနင်း ၀င်ရောက်လာပြီးဖြစ်သော Demark သည် ၄င်း၏ ခံယူထားသည့်တာဝန်အပေါ် ခိုင်မာစွာရပ်တည်လျက် ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဒီဇိုင်နာများမှ ၄င်းတို့ ၏ ဒီဇိုင်းနှင့် အသုံးဝင်မှုများအားဖြင့် ထုတ်ကုန်များ တန်ဖိုးမြင့် မားလာစေရန်နှင့် အများနှင့်မတူတမူကွဲပြားမှုများ ဆောင်ရွက်လာနိုင်စေရန်အတွက် ပံ့ပိုးကူညီပေးလျက်ရှိနေပါ ကြောင်းပြောပါသည်။ Demark ၏ကိုယ်ပိုင်အမှတ်တံဆိပ် logo သည် ကောင်းမွန်သည့် ဒီဇိုင်းနှင့် နိုင်ငံတကာ အဆင့်မီအရည်အသွေးများကို ကိုယ်စားပြုကြောင်း ၄င်းမှ အခိုင်အမာပြောဆိုပါသည်။

Ongsangkoon မှ "ဒီနှစ်မှာ ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ ဒီဇိုင်းတွေ ပိုမို ၀င်ရောက်လာဖို့ အတွက် DITP က မျှော်လင့်နေပါတယ်" ဟုဆိုပါသည်။
၂၀၁၆ ခုနှစ်တွင် ထုတ်ကုန်အမျိုးအစားပေါင်းခြောက်မျိုးရှိပါသည်။ ၄င်းတို့ မှာ ပရိဘောဂ၊ လက်ဆောင်ပစ္စည်းများ နှင့် တန်ဆာဆင်ယင်ရာတွင်အသုံးပြုသည့် ပစ္စည်းများ/ အိမ်သုံး ပစ္စည်းများ၊ ဖက်ရှင်အ၀တ်အထည်များ/ သားရေ ကုန် ပစ္စည်းများနှင့် လက်ဝတ်ရတနာများ/ အထည်များ၊ အိမ်နှင့်ဆက်စပ် ပစ္စည်းများ/ ရုံးသုံး ပစ္စည်းများ နှင့် အထောက်အပံ့ ပစ္စည်းများ၊ စားသောက်ကုန်၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပစ္စည်းများ နှင့် ဂရပ်ဖစ် ဒီဇိုင်းများ ဖြစ်ပါသည်။
Demark ၂၀၁၆ ခုနှစ် အတွက် စိတ်ပါဝင်စားကြသည့်သူများရှိပါက ယခုမှစတင် ၍ ဧပြီလ ၃၀ ရက်နေ့ အထိ မိမိတို့ ၏ထုတ်ကုန်များကို www.demarkaward.net ၌ တင်ပြနိုင်ပြီဖြစ်ပါသည်။

 

368778