Issue 47

နိုင်ငံဥပဒေပြု အဖွဲ့ အစည်း (The National Legislative Assembly (NLA)) ကြီးမှ WTO ၏ သဘောတူညီမှုအရ ဇူလိုင်လ ၁ ရက်မှစတင်၍ IT ဆက်စပ် ပစ္စည်း ၅၂၄ မျိုးအပေါ် ကောက်ခံလျက်ရှိသော အခွန်အခများကို ပယ်ဖျက် ပေးရန် အတွက် ထိုင်းနိုင်ငံကို မီးစိမ်းပြလိုက်ပြီဖြစ်ပါသည်။

ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ ကြိုတင်သတ်မှတ်ထားသည့် အချိန်အတွင်း၌ အိုင်တီဆက်စပ် ပစ္စည်း ၅၂၄ မျိုးအပေါ်ကောက်ခံသည့်အခွန်အား ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၁ ရက်နေ့ က ပြောကြားပါသည်။ ကနဦး အခွန်စတင်ကင်းလွတ်ခွင့်ပြုမည့် ပစ္စည်း ၃၂၄ မျိုးတွင် ပရင်တာအစိတ်အပိုင်းများ၊ ရုပ်ရှင်ပြစက်များတွင်အသုံးပြုသည့် လျှပ်စစ်မော်တာများ နှင့် အရောင်စစ်မှန်ပြား (filter) များပါဝင်မည်ဖြစ်ပါ သည်။ ယခုကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြင့် အမေရိကန် နှင့် အီးယူ နိုင်ငံများသို့ ကုန် ပစ္စည်းများကို ပိုမို တင်ပို့ ရောင်းချနိုင်မည့် အခွင့်အလမ်းသစ်များကို ဖော်ထုတ်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။

"ဒီဟာကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် အများနှင့်ယှဉ်ပြိုင်လိုစိတ်တွေကို တိုးမြင့်ပေးရာရောက် ပါ တယ်။ ဒါ့အပြင်၊ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေလာပြီးဆောင်ရွက်ချင်အောင် ဆွဲဆောင်ရာမှာ လည်း အထောက်အကူဖြစ်စေသလို ထိပ်တန်း အီလက်ထရွန်နစ်နဲ့ ဒစ်ဂျစ်တယ်ထုတ်ကုန်တွဲတွေကို အစုလိုက် အဝေးလိုက် ထုတ်လုပ်ဖို့ အတွက်ဆောင်ရွက်ရာမှာလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်" ဟု Tantraporn မှပြောဆိုပါသည်။

ထိုင်းနိုင်ငံ၏ IT လုပ်ငန်းတွင် နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု (foreign direct investment (FDI)) တန်ဖိုး ဘတ် ဘီလီယံပေါင်း ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၈ ဘီလီယံ) ရှိပြီး လူပေါင်း ၆၅,၀၀၀ ကျော်အား အလုပ်ခန့် အပ်ထားလျက်ရှိနေပါသည်။

 

369150