Issue 47

စီးပွားရေးရာဒုဝန်ကြီးချုပ် Somkid Jatusripitak သည် အစိုးရရုံးများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက အခန်းကဏ္ဍ မှ ကိုယ်စားလှယ်များလိုက်ပါလျက် သီရိလင်္ကာနိုင်ငံသို့  မတ်လ ၈ ရက်မှ ၁၂ ရက် အထိ အလည်အပတ် ခရီးစဉ် အဖြစ်သွားရောက်လည်ပတ်ခဲ့ပါသည်။ ထိုသို့ သွားရောက်လည်ပတ်ရသည့် ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု နှင့် ခရီးသွားလာရေး ဆိုင်ရာ အခန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအား မြင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ကုန်သွယ်ရေးဝန်ကြီးငှာန ၀န်ကြီး Apiradee Tantraporn မှ Sahapat အဖွဲ့ ၊ Charoen Pokphand အဖွဲ့ ၊ ထိုင်းအဖျော်ယမကာ ပုဂ္ဂလိက ကုမ္ပဏီနှင့် အီတာလျံ - ထိုင်း ဖွံ့ ဖြိုးတိုးတက်ရေး ပုဂ္ဂလိက ကုမ္ပဏီများအပါအ၀င် ထိုင်းကုမ္ပဏီ ၁၄ ခု နှင့် သီရိလင်္ကာနိုင်ငံရှိ အဓိကစီးပွားရေးလုပ်ငန်းစု ၁၄ စု တို့ မှ စီးပွားရေးလုပ်ငန်းများ ကိုက်ညှိ သည့်အစီအစဉ်သို့ တက်ရောက်ခဲ့ကြကြောင်း၊ ထိုအစီအစဉ်မှ ထွက်ပေါ်လာသည့် ရလာဒ်အရ တစ်နှစ်တာ ကာလ အတွင်း ရုတ်ချည်းဖြစ်ပေါ်လာမည့် လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၉၇၂,၀၀၀ (ထိုင်းဘတ် သန်းပေါင်း ၃၆ သန်း) နှင့် ရောင်းချရခြင်းများမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂ သန်း (ထိုင်းဘတ် သန်းပေါင်း ၄၄၄ သန်း) ရရှိနိုင်မည့် အလားအလာရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

Tantraporn မှ "ပြုပြင်မွမ်းမံထားတဲ့ စားသောက်ကုန်တွေ၊ ဆေးဝါး၊ အရေပြားဆိုင်ရာ skincare ပစ္စည်းတွေ၊ လေအေးပေးစက်တွေ၊ ရေစုပ်စက်၊ မော်တော်ဆိုင်ကယ် ချိန်းကြိုးတွေ နဲ့ ဓာတ်ငွေ့ အိုးတွေ အပါအ၀င် ထိုင်း ထုတ်ကုန်တွေအတွက် သီရိလင်္ကာနိုင်ငံက အိတ်စ်ပို့ တ် ဈေးကွက်အတွက် မြင့်မားတဲ့အလားအလာ ရှိနေပါ တယ်။ သူတို့ တွေကလည်း စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း နှင့် အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍ စတဲ့ ကဏ္ဍတွေမှာ ထိုင်းနိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်နေ ပါတယ်" ဟုပြောပြပါသည်။

 

368775