Issue 47

ကုန်သွယ်ရေးဝန်ကြီးငှာန ဒုဝန်ကြီး Suvit Maesincee သည် ကုန်သွယ်ရေးဝန်ကြီးငှာနမှ ကိုယ်စားလှယ်များ၊ ထိုင်း - ဗီယက်နမ်နိုင်ငံများဆိုင်ရာ စီးပွားရေးကောင်စီ များနှင့် အတူ ဗီယက်နမ်နိုင်ငံသို့  မတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့ အထိ အလည်အပတ်ခရီးစဉ် အဖြစ်သွားရောက်လည်ပတ်ခဲ့ကြသည်။

အလည်အပတ်ခရီးစဉ်၏ ရည်ရွယ်ချက်မှာ အခွင့်အလမ်းသစ်များကို ရှာဖွေရန် နှင့် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် တွေ့ ကြုံနိုင်သည့် အခက်အခဲများကို နားလည်သိရှိရန် ဖြစ်ပါသည်။ ထို့ အပြင်၊ နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရန်လည်း ရည်ရွယ်ပါသည်။

၎င်းတို့ ၏အစိုးရသည် နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကို ပံ့ပိုးကူညီရန် အတွက် စည်းမျဉ်းစည်းကမ်းများကို ပြုပြင် ပြင်ဆင်လျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ၏ တာဝန်ရှိ ပုဂ္ဂိုလ်များမှ Maesincee အား ပြောပြပါသည်။

၎င်းမှ "ထိုင်းထုတ်ကုန်တွေက သူတို့ ရဲ့ မြင့်မားတဲ့အရည်အသွေးနဲ့ ချိုသာတဲ့ဈေးနှုန်းတွေကြောင့် ဗီယက်နမ်လူထု ကြားမှာ လူကြိုက်များတယ်။ ဒါကြောင့် ဒီဈေးကွက်မှာ ထိုင်းထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေအတွက် အခွင့် အလမ်းတွေအများကြီးရှိနေပါတယ်" ဟုပြောဆိုပါသည်။

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ အစိုးရမင်းများမှာ နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုအား ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီပေါင်း ၂၀ ဘီလီယံအထိ မြှင့်တင်သွားရန်အတွက် ယခင်ကသဘောတူညီချက် ထားရှိ ထားပါသည်။

 

 

368608