Issue 47

DITP မှကြီးမှူး ၍ ၅၈ ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲကြီးအား စက်တင်ဘာလ ၇ ရက်နေ့ မှ ၁၁ ရက်နေ့ အထိ ဘန်ကောက်မြို့ ရှိ IMPACT Muang Thong Thani တွင် ပြုလုပ်ကျင်းပမည်ဖြစ်ပါ သည်။

DITP ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ပြပွဲကြီးတွင် ကမ္ဘာ့ဈေးကွက်၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ထိုင်းနိုင်ငံထုတ်လက်ဝတ်ရတနာများကို ပြသသွားမည်ဖြစ်ကြောင်းပြောပြပါသည်။ ဒီဇိုင်းဇုံ၊ ထိုင်း လက်ဝတ်ရတနာ တံဆိပ်များဇုံ နှင့် ဖျတ်လတ်တက်ကြွနေဆဲရှိသည့် အသက်အရွယ်ကြီးရင့်သူများ၊ အိမ်မွေး တိရိစ္ဆာန်လေးများ၊ မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာ နှင့် အခြားသော အကြောင်းအရာ မြောက်မြားစွာပါဝင် မည့် Concept Showcase စသည်ဖြင့် သစ်ဆန်းသည့်ပြင်ဆင်ပုံများဖြင့် ပြပွဲကြီးအား ပြသွားမည်ဖြစ်ကြောင်း သိရပါသည်။

Choklumlerd မှ "အစိုးရကတော့ စီးပွားရေးလုပ်ငန်းကို ပံ့ပိုးကူညီနိုင်ဖို့ ကျောက်မျက်ရတနာလုပ်ငန်းကြီး အတွက် သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို ဖြေလျှော့ပေးပြီးဖြစ်ပါတယ်။ ပုဂ္ဂလိက အခန်းကဏ္ဍက ငှာနနဲ့ ပူးပေါင်း ပြီး ဘန်ကောက် ကျောက်မျက်နဲ့ လက်ဝတ်ရတနာပြပွဲကြီးကို ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ထိပ်တန်း ကျောက်မျက်နဲ့  လက်ဝတ်ရတနာပြပွဲကြီး သုံးခုထဲက တစ်ခု အပါအ၀င်ဖြစ်စေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ထားပါတယ်" ဟုပြောဆိုပါသည်။

ကုမ္ပဏီများမှ စိတ်ပါဝင်စားမှုရှိ၍ ဆိုင်ခန်းအားကြိုတင်မှာယူထားလိုပါက DITP အား ဖုန်းနံပါတ် +66 2 507 8392-3 သို့ ဆက်သွယ် ၍လည်းကောင်း၊ အီးမေးလ် နံပါတ် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ရေးသား ၍ လည်းကောင်း မှာယူထားနိုင်ပါသည်။

 

369132