Issue 47

ကုန်သွယ်ရေးဝန်ကြီးငှာန ဒုဝန်ကြီး Suvit Maesincee သည် အရှေ့ အာရှရှိတိုင်းပြည်များသို့ သွားရောက်ခဲ့ သည့် ခရီးစဉ်အတွင်း တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးငှာန၏ ဒုဝန်ကြီး Woo Tae-hee အား နှစ်နိုင်ငံကြား ကုန်သွယ်ရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအားတိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ် ၍ မတ်လ ၂၀ ရက်နေ့  တွင် တွေ့ ဆုံခဲ့ပါသည်။

Maesincee မှ တောင်ကိုရီးယားကိုယ်စားလှယ်များအား ထိုင်းနိုင်ငံသည် စီးပွားရေးနှင့် ပတ်သက်သည့် အခြေအနေများအား တိုးတက်ကောင်းမွန်ရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း နှင့် ထိုင်းနိုင်ငံရှိ ရည်ရွယ်ဦးတည်ထားသည့် အသစ်သော လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုနိုင်ပါ ကြောင်း ကုမ္ပဏီများကို ဖိတ်ခေါ်ပါကြောင်းပြောကြားခဲ့ပါသည်။

စီးပွားရေးရာဒုဝန်ကြီးချုပ် Somkid Jatusripitak မှ ထိုင်းနိုင်ငံသည် ဒီဂျစ်တယ်စီးပွားရေး၊ တီထွင်ဆန်းသစ် သည့် လုပ်ငန်းများ၊ စက်ရုပ်နည်းပညာ နှင့် အခြားသော နည်းပညာမြင့် လုပ်ငန်းများဆိုင်ရာကဏ္ဍများကို တိုးတက် မြင့်မား လာစေရန်အတွက် ဆောင်ရွက် လျက်ရှိကြောင်း မတ်လ ၂၄ ရက်နေ့ တွင် ပြောကြားခဲ့သော အရေးပါ သည့် မိန့် ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါသည်။

 

 

369148