Issue 46

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသည် ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက် ရန်အတွက် အသင့်ပင်ရှိနေကြောင်းဖော်ထုတ်ပြောဆိုခဲ့ပါသည်။ မတ်လ 2 ရက်နေ့ တွင် ဘန်ကောက်ရှိ ရှန်ဂရီလာ ဟိုတယ် ၌ ပြုလုပ်ကျင်းပခဲ့သည့် "မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံများရှိ စီးပွားရေးအခွင့်အလမ်းများ" ('Business Opportunities in Malaysia and Thailand') ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် "ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ အထူးသဖြင့် မော်တော်ကား ပစ္စည်းအစိတ်အပိုင်းတွေ နဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ မလေးရှားနိုင်ငံက ရင်းနှီးမြှပ်နှံသူတွေကို ပိုမိုလိုအပ်ပါတယ်" ဟု စက်မှုလုပ်ငန်းဝန်ကြီး Atchaka Sibunruang မှထုတ်ဖော်ပြောဆိုခဲ့ပါသည်။

မလေးရှား တာဝန်ရှိပုဂ္ဂိုလ်များ၏ထောက်ခံချက် ပြည့်ပြည့်၀၀ရရှိထားသော နှစ်နိုင်ငံအတွင်း ဟာလာနှင့် ရာဘာအခန်း ကဏ္ဍများ တိုးတက်ကြီးပွားလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၀န်ကြီးမှ ဖြည့်စွက်ပြောကြားပါသည်။

မလေးရှားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Datuk Seri Mustapa Mohamed မှ ထိုင်းရင်းနှီးမြှပ်နှံသူများကို ကမ္ဘာ့ဟာလာဈေးကွက်သို့ ထိထိရောက်ရောက်ထိုးဖောက် ၍၀င်ရောက်နိုင်ရေးအတွက် အစိုးရ၏ပံ့ပိုးကူညီခြင်း၊ ဈေးကွက် အားနားလည်တတ်ကျွမ်းခြင်း နှင့် မူစလင်အခြေပြုနည်းဥပဒေသများဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိနိုင် မည့် မလေးရှားနိုင်ငံ၏ဟာလာလုပ်ငန်း၌ ရင်းနှီးမြှပ်နှံကြရန် တိုက်တွန်းပြောကြားလိုက် ပါသည်။

မလေးရှားနိုင်ငံ၏ တရားဝင်အချက်အလက်များအရ 2015 ခုနှစ်၌ မလေးရှားဟာလာစီးပွားရေးလုပ်ငန်း၏ ရင်းနှီးမြှပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 2.6 ဘီလီယံရှိကြောင်း သိရှိရပါသည်။

 

 

367223