Issue 46

တိုယိုတာ၊ မာဇဒါ၊ ဟွန်ဒါ၊ ဖော့ဒ်၊ အော်ဒီ၊ BMW၊ ပေါ်ရှေး နှင့် ရိုးလ်စ် ရွိုက်စ် အပါအ၀င် နိုင်ငံခြားကားကုမ္ပဏီ အတော်များ များတို့ သည် တိုင်းပြည်အတွင်း မြင့်တက်လာသည့် ကားသစ်ဝယ်ယူလိုကြသည့် ၀ယ်လိုအားကိုဖြည့်ဆည်းပေးရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ အတွင်း အရောင်းပြခန်းများကို ဖွင့်လှစ်လာကြသည်။ သို့ သော်၊ ၀ယ်ယူနိုင်သည့် အင်အားလျော့နည်း သည့် ကမ္ဘောဒီးယားနိုင်ငံသား အတော်များများသည် ပိုမိုဈေးသက်သာသည့် အသုံးပြုပြီးကားဈေးကွက်ကို နှစ်ခြိုက်ကြဆဲ ဖြစ်ပါသည်။

"ထိုင်းစီးပွားရေးလုပ်ငန်းတွေက ကမ္ဘောဒီးယားနိုင်ငံမှာ တင်သွင်းပစ္စည်း အစားထိုးပစ္စည်းတွေအတွက် ရင်းနှီးမြှပ်နှံ နိုင်သလို၊ ကား နဲ့ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး ၀န်ဆောင်မှုတွေမှာလည်း ရင်းနှီးမြှပ်နှံနိုင်ပါတယ်။ ဘာကြောင့် ဆိုရင် ပေါ်ထွက်လာနေတဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းနဲ့ အတူ ဒီစီးပွားရေးလုပ်ငန်းတွေကလည်း ကြီးမားကျယ်ပြန့် လာနိုင် တဲ့အတွက်ကြောင့်ပါ" ဟု (ကုန်သွယ်စီးပွားရေး) ၀န်ကြီး အကြံပေး Jiranun Wongmongkol မှ ဖနွမ်းပင်မြို့ တွင် မတ်လ 2 ရက်နေ့ ကပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ မော်တော်ကားလုပ်ငန်းအဖွဲ့ ချုပ် ၏ပြောကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသည် လွန်ခဲ့သည့်နှစ်တွင် ကားသစ်နှင့် အသုံးပြုပြီးကားဟောင်း 55,000 ကျော်အားတင်သွင်းခဲ့ပြီး 2014 ခုနှစ်ထက် 10% ပိုမိုခဲ့သည်။ တင်သွင်း ခဲ့သည့် ကားအစီးရေများတွင် အသုံးပြုပြီးကား၏ပမာဏသည် 30% ကျော်ရှိပါသည်။

 

 

367273