Issue 46

ကုန်သွယ်ရေး ၀န်ကြီးငှာနမှ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံအတွင်း ၌ တောက်ပနေသည့် အခွင့်အရေးများကို အရယူနိုင် ရန်အတွက် ထိုင်းစီးပွားရေးလုပ်ငန်းများအား တရုတ်နိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုကြရန် အားပေးတိုက်တွန်းလျက်ရှိနေပါ သည်။

ကူမင်းရုံးမှ ကောက်ခံစုဆောင်းရရှိသည့် ကိန်းဂဏန်းများအရ 2015 ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားမှတိုက်ရိုက် ရင်းနှီးမြှပ်နှံမှု (foreign direct investment (FDI)) သည် အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း 12.6 ဘီလီယံ ကျော် ရှိခဲ့ကြောင်းနှင့် ယခင်နှစ်ထက် 6% ပိုမိုခဲ့ကြောင်း DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ဖေဖော်ဝါရီလ 19 ရက်နေ့ က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဆေးဝါးအထောက်အကူပြု ပစ္စည်းများ၊ တကိုယ်ရေ ကျန်းမာရေးနှင့် ဆေးဝါးပစ္စည်းများ၊ တယ်လီကွန်မြူနကေးရှင်း နှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာကဏ္ဍများသည် (ရင်းနှီးမြှပ်နှံမှုကဏ္ဍအတွက်) စိတ်ပါဝင်စားမှု အများဆုံးကဏ္ဍများဖြစ်ကြသည်။ ယခုအတောအတွင်းတွင်လည်း ထိုင်းစီးပွားရေးလုပ်ငန်းများသည် စားသောက်ဆိုင်၊ စပါ၊ ဟိုတယ် နှင့် အီး-ကုန်သွယ်မှု ဆောင်ရွက်နေကြသည့် လုပ်ငန်းများအပါအ၀င် ၀န်ဆောင်မှုပိုင်းဆိုင်ရာကဏ္ဍတွင် ၄င်းတို့ ၏ကျွမ်းကျင်မှုကြောင့် အများ၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိထားကြပါသည်။

 

367133