Issue 46

ရုရှားနိုင်ငံ မော်စကိုမြို့ တွင် DITP မှကြီးမှူး၍ ဖေဖော်ဝါရီလ 26 ရက်နေ့ ကပြုလုပ်ကျင်းပခဲ့သည့် အသေးစားပြပွဲနှင့် စီးပွားရေးဆက်စပ်သည့် ဖြစ်ရပ်တွင် စီးပွားရေးရာ ဒုတိယ၀န်ကြီးချုပ် Somkid Jatusripitak မှ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "စားသောက်ကုန်၊ အလှကုန်၊ စပါ၊ ဆေးဝါး၊ ကျန်းမာရေးသုံး ပစ္စည်း၊ ဖက်ရှင် နဲ့ လိုက်ဖ်စတိုင် အစရှိတဲ့ ကဏ္ဍအသီးသီးက ပစ္စည်းတွေထုတ်လုပ်တဲ့ ထိုင်းကုမ္ပဏီ ခြောက်ဆယ့်ခုနှစ်ခု၊ ရုရှားကုမ္ပဏီ 54 ခု တို့ က ဒီစီးပွားရေးဆက်စပ်တဲ့ဆောင်ရွက်မှုကို တက်ရောက်ခဲ့ကြတယ်" ဟုပြောပြပါသည်။

ရုရှားနိုင်ငံရှိ ထိုင်းစားသောက်ဆိုင် လေးဆိုင် နှင့် ကာဇက်စတန်နိုင်ငံရှိ နှစ်ဆိုင်တို့ မှထို အစီအစဉ် တွင် Thai Select အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့သည်။ ထိုင်းနှင့် ရုရှားနိုင်ငံများ၏ အစိုးရအေဂျင်စီများ၊ ပုဂ္ဂလိကကဏ္ဍ နှင့် တက္ကသိုလ်များ အတွင်း နားလည်မှုစာချွန်လွှာမှတ်တမ်းကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။

 

 

367219