Issue 46

DITP၊ ထိုင်းကုန်သည်ကြီးများအသင်း နှင့် Koelnmesse GmbH တို့ ပူးပေါင်း၍ THAIFEX-World of Food Asia 2016 အား မေလ 25 ရက်မှ 29 ရက်အထိ IMPACT Muang Thong Thani၊ ဘန်ကောက်တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

DITP ၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Supapat Ongsangkoon မှ ဤ ကုန်စည်ပြပွဲအား နိုင်ငံအရပ်ရပ်မှ လာရောက် ကြည့်ရှုသူပေါင်း 150,000 မျှရှိရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ကြေငြာပါသည်။

Ongsangkoon မှ "ခန့် မှန်းခြေအားဖြင့် ဘတ် ဘီလီယံပေါင်း 1.5 ဘီလီယံ (အမေရိကန် ဒေါ်လာ 42 သန်း) တန်တဲ့ ချက်ချင်းလက်ငင်း လုပ်ငန်းတွေရှိနိုင်ပြီး၊ အရောင်းကနေ တစ်နှစ်အတွင်းရောင်းချနိုင်တဲ့တန်ဖိုးထက်သာလွန်ပြီး ဘတ်ဘီလီယံပေါင်း 7 ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း 198 သန်း) ရနိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်" ဟုပြောဆိုပါသည်။

2015 ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စားသောက်ကုန်တင်ပို့ ရောင်းချမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 24.4 ဘီလီယံရှိပါသည်။ ယခုနှစ်တွင် DITP မှ အာဆီယံနိုင်ငံများ၊ တရုတ်နိုင်ငံနှင့် အရှေ့ အလယ်ပိုင်းဒေသနိုင်ငံများကဲ့သို့  ဈေးကွက် အလားအလာကောင်းမွန်သည့် နိုင်ငံများသို့ ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းရောင်းချရန်အတွက် အစီအစဉ်ရေး ဆွဲထားပါသည်။

 

 

367214