Issue 46

ရုရှား၊ CIS နိုင်ငံများနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို တိုးတက်ခိုင်မာစေရန်၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှပ်နှံမှု ကဏ္ဍများကို လေ့လာရန်အတွက် စီးပွားရေးရာ ဒုဝန်ကြီးချုပ် Somkid Jatusripitak၊ နှင့် ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Prawit Wongsuwan တို့ သည် ရုရှားနှင့် ဘီလာရု(စ်) နိုင်ငံ များသို့  ဖေဖော်ဝါရီလ 22 ရက်မှ 27 ရက်အထိ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ကြသည်။

DITP ၏ ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ ၄င်းတို့ ၏၀န်ကြီးငှာနသည် စီးပွားရေးလုပ်ငန်းအားဆက်စပ် ကိုက်ညှိသည့် ဆောင်ရွက်မှုများဆိုင်ရာညီလာခံအားတက်ရောက်ရန်၊ ကြီးမားသည့် ရုရှားကုမ္ပဏီကြီးများနှင့် ကုန်သွယ်မှု ကဏ္ဍ နှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကွန်ယက်များအား တိုးချဲ့ နိုင်ရန်အတွက် စားသောက်ကုန်၊ ဆေးဝါးပစ္စည်း ကိရိယာ၊ ရာဘာ၊ ဖက်ရှင်၊ မော်တော်ကားပစ္စည်း အစိတ်အပိုင်းများ နှင့် ဆောက်လုပ်ရေးပစ္စည်း ဆိုင်ရာကုမ္ပဏီများ အပါအ၀င် ထိုင်းစက်မှုလက်မှု လုပ်ငန်းများမှ ကုမ္ပဏီပေါင်း 80 ကျော်အား ရုရှားနိုင်ငံသို့ သွားရောက်ရန်အတွက် စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း ဆိုပါသည်။ 2016 ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ ဘီလံယံပေါင်း 10 ဘီလီယံ အားရရှိရန်အတွက် အစိုးရမှမျှော်မှန်းထားပါသည်။

"အခုဆိုရင် ရုရှားက အာဆီယံနိုင်ငံတွေကို သူ့ ရဲ့ အဓိကစားသောက်ကုန်အချို့ ကို ပံ့ပိုးထောက်ပံ့ပေးသူတွေအဖြစ် လက်ခံ လာနေကြပါပြီ။ ရုရှားက ကြက်သား၊ ၀က်သား နဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေလိုမျိုး စားသောက်ကုန်တွေကို အများ ကြီး တင်သွင်း လိုကြတယ်။ ရုရှားနိုင်ငံကို ရာဘာနဲ့ ဆန်တွေ တင်ပို့ ဖို့ အတွက် ထိုင်းနဲ့ ရုရှားတို့ တွေ့ ဆုံဆွေးထားပြီး ဖြစ်ပါတယ်" ဟု Choklumlerd မှဆိုပါသည်။

 

 

367248