Issue 45

ထိုင်းနိုင်ငံစက်မှုလုပ်ငန်းများ၏ ပရိဘောဂစက်မှုလုပ်ငန်းအဖွဲ့ နှင့် ထိုင်းပရိဘောဂစက်မှုလုပ်ငန်းများအစည်းအရုံးနှင့်အတူ၊ DITP က ထိုင်းနိုင်ငံ၏နိုင်ငံတကာဆိုင်ရာပရိဘောဂခင်းကျင်းပြသပွဲ ၂၀၁၆ (TIFF 2016) ကို Challenger ခန်းမ၊ အင်ပတ်-မူဝမ်သောင်းထန်နိ (Impact Muang Thong Thani) တွင် မတ်လ ၉ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။

"ကျတော်တို့အနေဖြင့် ထိုင်းပရိဘောဂပစ္စည်းများကုန်သွယ်ရေးကိုမြှင့်တင်နိုင်တာကိုယုံကြည်ပါတယ်၊" "အာစီယံစီးပွားရေးအသိုင်း အဝိုင်းထဲဝင်ပြီဆိုတာနှင့် အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများကို ထိုင်းနိုင်ငံကဟာနှင့်ခြားနားမှုကို နှိုင်းယှဉ်ဖို့ အခွင့်အလမ်းရှိလာ နိုင်ပါတယ်" လို့ DITP အထွေထွေ ညွှန်ကြားရေးမှူး Malee Choklumlerd က ထပ်လောင်းပြောဆိုလိုက်ပါသေးသည်။

ယခုနှစ်တွင် TIFF ၂၀၁၆ ကို ပရိဘောဂထုတ်လုပ်ရေးနှင့်ကုန်သွယ်ရောင်းဝယ်ရေးအတွက် ဦးဆောင်နေသောအချက်အချာတစ်ခု အဖြစ် ထိုင်းနိုင်ငံ၏အခြေအနေကိုပြန်လည်အားဖြည့်ပေးရန် အာစီယံနိုင်ငံများမှ တိုးတက်မှုဘဝနေထိုင်ခြင်း ခေါင်းစဉ်အောက်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုင်းကုမ္ဗဏီပေါင်း ၂၀၀ ကျော်ကလည်း ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ ကုန်ဝယ်သူ များအနေဖြင့်လည်း SOOK သို့မဟုတ် Small Order OK အပိုင်းတွင် ကုန်ထုတ်လုပ်သူများမှတဆင့် ပစ္စည်းငယ်လေးများကို အော်ဒါမှာယူနိုင်ခဲ့ကြပါသည်။

 

 

368916