Issue 45

လွန်ခဲ့သောနှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲမှစ၍၊ မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုလမ်းဖွင့်ပေးလာနေပြီ ဖြစ်ပြီလို့ ရန်ကုန်မြို့ရှိ DITP နိုင်ငံခြားရုံးမှ အစီရင်ခံစာတစ်ခုကိုတင်ပြခဲ့သည်။

"ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အခြားသောနိုင်ငံများအပေါ်အကျိုးအမြတ်များစွာရှိသော်လည်းပဲ ကုမ္ဗဏီများအနေဖြင့် အခြားနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ သို့မဟုတ် တောင်ကိုးရီးယားတို့နှင့်လည်း မြန်မာနိုင်ငံအတွင်း စီးပွားရေး လုပ်ဆောင်ရန်အတွက် ပူးပေါင်းမှုကိုလိုအပ်လာလိမ့်မယ်" လို့ DITP အထွေထွေညွှန်ကြားရေးမှူး Malee Choklulerd က ပြောပြခဲ့ ပါသည်။

ထို့အပြင်၊ Oxford စီးပွားရေးလုပ်ငန်းအဖွဲ့မှ သုတေသနစာစောင်မှထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏စီးပွားရေးမှာ အဆက်မပြတ် တိုးချဲ့ နေပြီး၊ လူဦးရေဝင်ငွေ နှင့် ဝယ်ယူသုံးစွဲမှုအင်အားလည်းတိုးမြှင့်လာနေတယ်လို့ ဖော်ပြခဲ့ပါသည်။ လက်လီရောင်းချသည့် စီးပွားရေး လုပ်ငန်းမှာလည်း ၂၀၁၁ ခုနှစ်ကတည်းက ၇% နှင့် ၁၁%အကြား တိုးမြှင့်လာခဲ့ပါသည်။

 

368898