Issue 45

DITP သည် ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်း၊ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းများ၏ဖယ်ဒရယ်ရှင်းအဖွဲ့၊ ထိုင်းနိုင်ငံ အမျိုးသားရေးဆိုင်ရာ ရေကြောင်းကုန်သွယ်သူများကောင်စီ နှင့် ထိုင်းဘဏ်လုပ်ငန်းရှင်များအစည်းအရုံးတို့နှင့်အတူ SMEs လုပ်ဆောင်မှုစီမံကိန်း ဒုတိယ အဆင့်အတွက် ဖောဖော်ဝါရီလ ၁၀ရက်နေ့တွင် နားလည်မှုသဘောတူစာချုပ်မူကြမ်း (MOU) တစ်ခုကို လက်မှတ်ရေးထိုးရန် ပူးပေါင်း ခဲ့ကြပါတယ်။

ပြည်ပပို့ကုန်တန်ဖိုးမြှင့်တက်လာစေရန်အတွက် နိုင်ငံရပ်ခြားကုန်သွယ်ရေးကိစ္စများ နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများ ပူးပေါင်းရာတွင် ယင်းအဖွဲ့အစည်းများအားလုံးအနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ SMEs အခု ၂၆၀၀ကျော်ကို ဘတ်ငွေသိန်း၄၀၀ သုံးစွဲ ထောက်ပံ့ပေးသွားလိမ့်မည် ဖြစ်ပါတယ်။ လုပ်ငန်းစီမံကိန်းကြီး၏ပထမအဆင့်ကို ပြည်ပပို့ကုန်တန်ဖိုးတွင် သိန်းပေါင်း ၈၆၀၀ ကို ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

"ဤလုပ်ငန်းစီမံကိန်းကြီးဟာဆိုရင် ထိုင်းနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ရန်ပုံငွေအကန့်အသတ်သာရှိသော SMEs က အများအတွက် တကယ့်ကိုအကျိုးကျေးဇူးပါပဲ"လို့ ကုန်သွယ်မှုဝန်ကြီး Apiradee Tantraporn က ပြောဆိုခဲ့ပါတယ်။
"အကယ်၍ နိုင်ငံရပ်ခြားကုန်သွယ်မှုလုပ်ငန်းများတွင် နိုင်ငံခြားကုန်ဝယ်များနှင့်အတူ အလုပ်လုပ်ကိုင်ဖြစ်လာမယ်ဆိုရင်၊ ၎င်းလုပ်ငန်းများမှာ ဝယ်ယူ သုံးစွဲသူများပစ်မှတ်ကို တွေ့ဆုံနိုင်မှာဖြစ်ပြီး၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းမှာလည်းပိုမိုတိုးချဲ့လာနိုင်လိမ့်မည်ဖြစ်သလို၊ ထိန်းထားနိုင်သော စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း ဦးတည်သွားနိုင်မှာဖြစ်ပါတယ်" လို့လည်း ထပ်ပြောခဲ့ပါသေးတယ်။

 

 

369006