Issue 45

ဂျော်ဒန်နိုင်ငံတွင်ရှိသော DITP ၏ နိုင်ငံရပ်ခြားရုံးမှ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ဆိုင်ရာညှိနှိုင်းဆွေးနွေးချက်များကိုပါဝင်ရန် ဂျော်ဒန်နီရန်ကုမ္ဗဏီ ၂၆ ခုမှ ကုန်ဝယ်များကို ခေါ်ဆောင်လာခဲ့ကြပါတယ်။

"ခေတ်ကာလကောင်းမွန်မည့်အချိန်ကာလသည် ရမဒန် (Ramadan) ကာလအတွင်းဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဇွန်လ ၆ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ၊ ဟာဂျိ (Hajj) ကာလအတွင်းအထိ စက်တင်ဘာလ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ဖြစ်ပါလိမ့်မယ်"လို့ DITP အထွေအထွေညွှန်ကြားရေးမှူး Malee Choklumlerd က ပြောဆိုခဲ့ပါတယ်။ "ယင်းအချိန်ကာလအတွက် အရှေ့အလယ်ပိုင်း ကုန်ဝယ်များက ကုန်ပစ္စည်းများကိုအချိန်မီရရှိစေရန်အတွက် ကြိုတင်မှာယူကြလိမ့်ဦးပါမယ်" လို့လည်း ပြောဆိုခဲ့ပါသေးသည်။

ကုန်ဝယ်များကလည်း ဆန်စပါး၊ ရေခဲတိုက်ထားသောပင်လယ်စာများ၊ စည်သွပ်ဘူးအစားအသောက်များ၊ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ လတ်ဆတ်သော သစ်သီးဝလံများ နှင့် ဟင်းသီးဟင်းရွက်များ၊ သောက်စရာအမျိုးမျိုး၊ မိတ်ကပ်၊ အလှကုန်ပစ္စည်းများ နှင့် ဟိုတယ် အသုံးအဆောင်ပစ္စည်းများကိုလည်း စိတ်ဝင်စားကြပါတယ်။

 

 

366151