Issue 44

အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများပူးပေါင်း၍ 2016 ခုနှစ် ထိုင်းနိုင်ငံ၏ ရွက်လှေပြပွဲအား ဖူးကက်ရှိ Ao Po Grand Marina တွင် ဖေဖော်ဝါရီလ 8 ရက်နေ့ မှ 14 ရက်နေ့ အထိ ကျင်းပပြုခဲ့ပါသည်။

ထိုင်းနိုင်ငံအား 'Marina Hub of ASEAN' အဖြစ် ထင်ရှားလူသိများစေလိုသည့် အစိုးရ၏မူ၊ ၄င်းပြင် တိုင်းပြည် ၏ စီးပွားရေးနှင့် ခရီးသွားလာရေး လုပ်ငန်းများ နိုးကြားတိုးတက်လာစေရန် ရည်ရွယ်ချက်များအရ ပြပွဲကြီးတွင် ထိပ်တန်း ဇိမ်ခံရွက်လှေကြီးများကို ပြသခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ရွက်လှေပြပွဲ စီစဉ်သူများမှ ပြပွဲကြီးသည် တိုင်းပြည် ၏ခရီးသွားလုပ်ငန်းကို အဓွန့်ရှည်တည်တံ့ခိုင်မြဲစေမည့် အဓိကတွန်းအားတစ်ခုဖြစ်စေရန် မျှော်လင့် သည်သာမက ပင်လယ်ခရီးသွားလုပ်ငန်း၏ အခန်းကဏ္ဍကို တိုးတက်စေမည့် အားတစ်ခုဖြစ်ရန်လည်း ရည်ရွယ်ပါသည်။

 

 


 

386916