Issue 44

စီးပွားရေး ကိစ္စရပ်များဆိုင်ရာ ဒုတိယ၀န်ကြီးချုပ် Somkid Jatusripitak မှ ဇန်န၀ါရီလ 30 ရက်နေ့ တွင် အီရန် နိုင်ငံ နှင့် ဖေဖော်ဝါရီလ 3 ရက်နေ့ တွင် အိုမန်နိုင်ငံများသို့ မကြာသေးခင်မှ သွားရောက်ခဲ့သည့် ၄င်း၏ခရီးစဉ်များ တွင် ခိုင်မာသည့်ကုန်သွယ်ရေးဆိုင်ရာ နှောင်ကြိုးများကို ခိုင်မာစွာချည်နှောင်ထားနိုင်ခဲ့ကြောင်း ပြောဆိုပါသည်။ အဓိကအားဖြင့် ဆန်၊ ရာဘာ နှင့် ပတ်သက်၍ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုအား လက်မှတ်ရေးထိုးထား သော်လည်း၊ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီမှု (Free Trade Agreements (FTA)) နှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုများ ကဏ္ဍများနှင့် ပတ်သက်၍ပြောဆိုဆွေးနွေးရာတွင်လည်း တိုးတက်မှုများရှိခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ သည် အိုမန်နိုင်ငံတွင် ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးနှင့် ၀န်ဆောင်မှု ကဏ္ဍများတွင်လည်း ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန်အတွက် ဆွဲဆောင်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဆိုင်ရာ ၀န်ကြီး Apiradee Tantraporn မှ ဆိုပါသည်။ အိုမန်နိုင်ငံသည် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ယူအေအီး၊ ကာတာ၊ ဘာရိန်း နိုင်ငံများနှင့်အတူ ထိုင်းနိုင်ငံနှင့် FTA အားဖော်ဆောင်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့ စည်းထား ပြီးကြောင်း သိရပါသည်။

ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် အီရန်နိုင်ငံတွင် ပြုပြင်ထားသည့် စားသောက်ကုန်၊ ဟာလာစားသောက် ကုန်၊ ဓာတု နှင့် ဒီဂျစ်တယ် ပစ္စည်းကိရိယာများ ဆိုင်ရာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာကဏ္ဍကို တိုးချဲ့  နိုင်ခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍနှင့် ဆွေးနွေးညှိနှိုင်းမှုများမှ ဘတ်ဘီလီယံပေါင်း 5.3 ဘီလီယံ ထိတန်ဖိုးရှိသည့် ဆန် တန်ချိန် ပေါင်း 300,000 နှင့် သဘာဝ ရာဘာ တန်ချိန်ပေါင်း 20,000 ကို ထိုင်းနိုင်ငံမှ အီရန်နိုင်ငံသို့ တင်ပို့ ရန်အတွက် သဘောတူညီမှုများ ရရှိခဲ့ကြသည်။

 


 

 

368775