Issue 44

DITP ၏ညွှန်ချုပ် Malee Choklumlerd ၏အဆိုအရ ထိုင်းနိုင်ငံမှထွက်ရှိသည့် အရည်အသွေးမြင့်ဆန်များအတွက် ဟောင်ကောင်သည် အဓိကဈေးကွက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

"စားသုံးသူတွေ က အော်ဂဲနစ်ဆန် နဲ့ ဆန်လုံးညိုတွေကို အကြိုက်တွေ့ နေကြတယ်။ ဒီဟာက အထူးသဖြင့် အိုမီဂါ- 3၊ ဇင့်၊ ဗီတာမင် E နဲ့  B1 တွေပါဝင်နေတဲ့ အာဟာရပြည့်ဝတဲ့ ဘယ်ရီဆန် တင်ပို့ သူတွေအတွက် ရွှေရောင်လွှမ်းတဲ့ အခွင့်အရေးကြီးတစ်ခုပါပဲ။ အဲဒီဆန်ကို သာမာန်ဂျုံမှုန့် တွေထက် အနံ့ ပိုမွှေးပြီး အရသာ ပိုချို တဲ့ ဘယ်ရီဆန်မှုန့် လည်းလုပ်လို့ ရပါတယ်" ဟု Choklumlerd မှ ဖေဖော်ဝါရီလ 9 ရက်နေ့ ပြောကြားပါသည်။

ဟောင်ကောင် ကုန်သွယ်ရေးရုံးမှလည်း 2016 ခုနှစ် ဘယ်ရီဆန်ကို အရောင်းမြင့်တင်ရန်အတွက် ပွဲမြောက်မြားစွာ ကျင်းပရန်ဆောင်ရွက်လျက်ရှိသည်။ ဧပြီလ 5 ရက်နေ့ မှ 30 ရက်နေ့ အထိ Mira ဟိုတယ်တွင် ထိုင်းပွဲတော်အား ပြုလုပ်ကျင်းပမည်ဖြစ်ပြီး၊ မေလနှင့် ဇွန်လအတွင်း ထိုင်းနိုင်ငံထုတ် အသင့်ချက်စား ဘယ်ရီဆန်များကို AEON ကုန်ပဒေသာ စတိုးဆိုင်ကြီးတွင် ရောင်းချသွားမည်ဖြစ်ပါသည်။

 


 

 

389190