Issue 44

ကမ္ဘာအရပ်ရပ်ရှိ ကုမ္ပဏီပေါင်း 100 မှ ရာဘာတင်သွင်းသူများသည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် Centara Grand ဟိုတယ်၊ Central Plaza Ladprao၊ ဘန်ကောက်တွင် ဖေဖော်ဝါရီလ 29 ရက်မှ မတ်လ 2 ရက်ထိ တွေ့  ဆုံ ၍ ဆွေးနွေးညှိနှိုင်းမှုများပြုကြမည်ဟု DITP ၏ ညွှန်ချုပ် Malee Choklumlerd မှပြောကြားပါသည်။

Choklumlerd မှ "ကုန်သွယ်ရေးဝန်ကြီးငှာနကတော့ ပြည်တွင်း ရာဘာဈေးနှုန်းကို မြင့်တင်ဖို့ အတွက် နည်းလမ်း တွေရှာကြံဖော်ဆောင်ကြဖို့ ဆိုတဲ့အစိုးရရဲ့ မူကို အကောင်အထည်ဖော်နေတာပါ။ ဒါကြောင့်၊ DITP က မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ အီဂျစ်၊ ဟောင်ကောင်၊ တောင်အာဖရိက၊ ဆူဒန်၊ အိန္ဒိယ၊ တောင်ကိုရီယား နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေက ရင်းနှီးမြှပ်နှံသူတွေကို ဒီတွေ့ ဆုံဆွေးနွေးပွဲမှာ ပါဝင်ဖို့ အတွက် ဖိတ်ခေါ်ထားပါတယ်" ဟုဆိုပါသည်။

ရာဘာပြပွဲ နှင့် စက်ရုံများသို့ သွားရောက်လည်ပတ်လေ့လာသည့် အစီအစဉ်များသည် ထိုင်းရာဘာ၏ပုံရိပ်ကောင်း ကို မြင်သာထင်ရှားစေရန်အတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။ လတ်တလောတွင်၊ ထိုင်းနိုင်ငံမှ နှစ်စဉ် ခန့် မှန်းခြေအားဖြင့် ရာဘာ တန်ချိန် သန်းပေါင်း 4 သန်းကို ထုတ်လုပ်လျက်ရှိနေပါသည်။ 2014 ခုနှစ်တွင်၊ ထုတ်လုပ်ထားသည့် ရာဘာ 86% ကိုပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 6 ဘီလီယံ ကို ရရှိခဲ့ပါသည်။

 


 

369156