Issue 44

ဇန်န၀ါရီလ 23 ရက်မှ 27 ရက်ထိ စပိန်နိုင်ငံ မဒရစ်မြို့ တော်တွင် ထိုင်းစားသောက်ကုန်၊ ဖက်ရှင်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများကို မိတ်ဆက်တင်ပြနိုင်ရန်အတွက် DITP မှ ထိုင်း ကုမ္ပဏီအချို့ ကို စေလွှတ်ခဲ့ပါသည်။

DITP ၏ ညွှန်ချုပ် Malee Choklumlerd မှ "ထိုင်းကုမ္ပဏီတွေအနေနဲ စပိန်နိုင်ငံထဲမှာပဲ ဆိုင်ခွဲပေါင်း 75 ခု ရှိတဲ့ ဥရောပရဲ့ အကြီးမားဆုံး ကုန်ပဒေသာတိုက်ကြီးတစ်ခုဖြစ်တဲ့ El Corte Ingles ရဲ့ အ၀ယ်တော်တွေနဲ့ တွေ့ ဆုံခွင့် ရ ခဲ့တယ်။ (ထိုင်းထုတ်ကုန်တွေထဲက) လူကြိုက်များတဲ့ သရေစာတစ်မျိုးကတော့ သကြားအုပ်ထားတဲ့ဂျင်းနဲ့ လုပ် ထား တဲ့ သရေစာပဲ ဖြစ်ပါတယ်။ (အဲဒီ) ကုန်ပဒေသာတိုက်ကြီးရဲ့ စူပါမားကက်တိုင်းမှာ အစမ်းအနေနဲ့ ရောင်းချ ကြည့်ဖို့ အမှာစာတွေလည်း ရရှိထားပြီဖြစ်ပါတယ်" ဟု ပြောပြပါသည်။

နောင်လာမည့်နှစ်တွင် စပိန်နိုင်ငံနှင့် ပြုလုပ်သည့်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း 11 သန်းရရှိရန် အတွက် မျှော်လင့်ထားကြပါသည်။


 

 

387014