Issue 43

ထိုင်းဆော့ဖ်ဝဲလုပ်ငန်းမြင့်တင်ရေး အေဂျင်စီ (Thai Software Industry Promotion Agency (SIPA)) သည် ထိုင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးငှာန နှင့် ပူးပေါင်း၍ 2016 ခုနှစ် အာရှဆော့ဖ်ဝဲပြပွဲ (Software Expo Asia (SEA) 2016) အား ဘန်ကောက်မြို့ တော်ရှိ မိဖုရားသီရိခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာ (Queen Sirikit National Convention Centre) ၌ ဇန်န၀ါရီလ 21 ရက်နေ့ မှ 23 ရက်နေ့ အထိပြုလုပ်ကျင်းပခဲ့သည်။ ပြပွဲ၏ အဓိက အကြောင်းအရာခေါင်းစဉ်မှာ "ဒီဂျစ်တယ်အား တစ်သား တည်းပေါင်းစပ်ပြည့်စုံစေခြင်း" ဖြစ်ပါသည်။

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးငှာန ၀န်ကြီး Dr Uttama Savanayana မှ "ဒီဂျစ်တယ် နည်းပညာတွေက ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ ပညာရေးကနေ ကျန်းမာရေးဝန်ဆောင်မှုတွေအထိ ဘက်ပေါင်းစုံကနေ လူတွေရဲ့ ဘ၀ကို လွယ်ကူချောမွေ့ အောင်ထောက်ပံ့ကူညီပေးနေတယ်" ဟုဆိုပါသည်။

အာရှတစ်ခွင်ရှိ ကုမ္ပဏီ 250 ကျော်မှ အန်နီမေးရှင်း၊ အီး-သင်ယူရေး (e-learning) ဆိုင်ရာ အက်ပလီကေးရှင်းများ နှင့် လုပ်ငန်းသုံးဆော့ဖ်ဝဲများ အပါအ၀င် ဒီဂျစ်တယ်ဆိုင်ရာအကြောင်းအရာများကို ပြပွဲတွင် ပြသခဲ့သည်။ ပြပွဲတွင် ဒီဂျစ်တယ်ရုပ်ရှင်ဇုံ (digital cinema zone)၊ စမတ်စီးပွားရေးမော်ဒယ် 6 ခု ဇုံ (6 Smart Business Models zone)၊ ညီလာခံများ နှင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ စီးပွားရေးလုပ်ငန်းကိုက်ညှိသည့် ဆောင်ရွက်လှုပ်ရှားများ ပါဝင်ခဲ့သည်။

ပိုမိုသိရှိလိုပါက www.softwareexpoasia.com အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

 


 

 

368545