Issue 43

DITP မှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား အာရှဈေးကွက်၊ အထူးသဖြင့် နှေးကွေးနေသည့် ကမ္ဘာ့စီးပွားရေး အခြေအနေ တွင်ပင် ၀ယ်လိုအားမြင့်တက်နေသေးသည့် CLMV တိုင်းပြည်များအပေါ် အာရုံစိုက်ရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

DITP ညွှန်ချုပ် Malee Choklumlerd မှ "နက်နဲတဲ့ အာဆီယံ ပေါ်လစီက သာမည ဈေးကွက်တွေမှာ ထိုင်းထုတ်ကုန်နဲ့  ၀န်ဆောင်မှုတွေ ၀င်ရောက်နိုင်မဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပေးမှာဖြစ်သလို၊ တစ်ပြိုင်တည်းမှာပဲ နာမည်ကြီးထိုင်း အမှတ်တံဆိပ်တွေကို အဓိကဈေးကွက်တွေမှာ ၀င်ရောက်နေရာယူနိုင်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ DITP က အီး-ကုန်သွယ်မှု ကတဆင့် ထိုင်း SME လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်မှုကိုတိုးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်" ဟု ဇန်န၀ါရီလ 26 ရက်နေ့ ကပြောကြားပါသည်။

DITP မှ ထိုင်းနိုင်ငံနှင့် CLMV နိုင်ငံများအတွင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်ရေးကို တိုးမြှင့်ရန် ရည်ရွယ်၍ ထိုင်းထိပ်တန်း ကုန် အမှတ် တံဆိပ်များ (TOP Thai Brands) ပြပွဲ ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ တွင် ဖေဖော်ဝါရီလ 3 ရက်နေ့ မှ 7 ရက်နေ့  အထိ ပြုလုပ်ကျင်းပပေးခဲ့သည်။ ၄င်းပြင် မနီလာ၊ ရန်ကုန်၊ ဟိုချီမင်း နှင့် ဗီယင်ရှန်း မြို့ များတွင်လည်း အလားတူ ပြပွဲများ ပြုလုပ်ကျင်းပပေးရန်အတွက် စီစဉ်ထားပါသည်။

 


 

 

368979