Issue 43

Thaitrade.com၊ ဘန်ကောက်ဘဏ် နှင့် Amazon.com တို့ ပူးပေါင်း၍ Thaitrade.com ၏အဖွဲ့ ဝင်များနှင့် ဘန်ကောက် ဘဏ်၏ ငွေအပ်နှံသူဖောက်သည်များအတွက် စုံညီအစည်းအဝေးတစ်ခုကို ဇန်န၀ါရီလ 14 ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ သည်။ အွန်လိုင်းသုံး ... ကမ္ဘာအနှံ့ သွား (Go Online... Go Global)၊ အထူးအခွင့်အရေးများအရယူ၊ ခေတ်ရေစီးကြောင်း အပြင် နောက်ဆုံးပေါ် ကိရိယာများနှင့် အမှီလိုက်ရင်ပေါင်တန်း (Enjoy Privileges and Keep Up with the Latest Trends and Tools) အစရှိသည့်ခေါင်းစဉ်များဖြင့် အီး-ကုန်သွယ်မှုဆိုင်ရာ စီးပွားရေး သတင်းအချက်အလက်များကို မျှဝေ ပေးအပ်ခဲ့သည်။

DITP ၏ ဒုညွှန်ချုပ် Supapat Ongsangkoon မှ "DITP က အီး-ကုန်သွယ်မှုကို အထောက်အကူဖြစ်စေနိုင်တဲ့ အထင်ကရ အဖွဲ့ အစည်းတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်ပြီး Thaitrade.com အဖွဲ့ ဝင်တွေအတွက် အခွင့်အလမ်း ကောင်းတွေကို ဖော်ထုတ်ပေးချင်ပါတယ်။ ဘန်ကောက်ဘဏ်၊ Amazon.com တို့ နဲ့ လက်တွဲပြီးအလုပ်လုပ်တဲ့အတွက် ထိုင်းစီးပွားရေးလုပ်ငန်းတွေအနေနဲ့  Amazon.com ရဲ့ အထင်ကရစီးပွားရေးဈေးကွက်တွေဖြစ်တဲ့ အမေရိကန်၊ ဥရောပနဲ့  အာရှဈေးကွက်တွေကို ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်" ဟုဆိုပါသည်။

 


 

 

368979