Issue 43

ဘန်ကောက်မြို့ ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီးငှာနရုံး၌ ထိုင်း SME များမှ ညွှန်ကြားရေးမှူးများနှင့်တွေ့ ဆုံနိုင်မည့် တင်ပို့  ရောင်းချမှု ဆိုင်ရာအလုပ်ဆွေးနွေးပွဲ တစ်ခု အား အတွက် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ကျင်းပပေးမည် ဖြစ်ကြောင်း DITP ၏ ညွှန်ချုပ် Malee Choklumlerd မှ ဇန်န၀ါရီလ 22 ရက်နေ့ တွင် ပြောကြားပါသည်။ ထိုင်း ပို့ ကုန်တင်ပို့ သူများအတွက် အဓိကဈေးကွက် ငါး ကွက်မှာ အာဆီယံ၊ တရုတ်၊ ဥရောပ၊ အရှေ့ အလယ်ပိုင်း နှင့် အာဖရိက နိုင်ငံများ ဖြစ်ကြပါသည်။

ဈေးကွက်တစ်ခုစီ၏ အဓိက၀ယ်လိုအားများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဥပဒေသများ၊ အခွန်စည်းကြပ်ခြင်း အခွန် ကင်းလွတ်ခြင်းများနှင့်ဆိုင်သည့် အခက်အခဲအတားအဆီးများ၊ မတူညီသည့်ဒေသများရှိ စီးပွားရေးဆိုင်ရာ လတ်တလော အခြေအနေများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်။

Choklumlerd မှ "SME နဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့  နိုင်ငံအသီးသီးရဲ့ နိုင်ငံခြားရေးဝန်ကြီးငှာနရုံးတွေက ညွှန်ကြားရေးမှူး 51 ယောက်နဲ့ တွေ့ ဆုံးပြီး တင်ပို့ ရောင်းချမှုနဲ့ ဆိုင်တဲ့ အကြံဥာဏ်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကလည်း အလားအလာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  မနက်ပိုင်းမှာ အစည်းအဝေးလုပ်အုံးမှာ ဖြစ်ပါတယ်" ဟုပြောဆိုပါသည်။

 


 

 

368969