Issue 43

DITP သည် Anaheim မြို့ ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် 2016 ခုနှစ်၊ မတ်လ 9 ရက်နေ့ မှ 16 ရက်နေ့ အထိကျင်းပပြု လုပ်မည့် သဘာဝထုတ်ကုန်ပြပွဲ ၀က်စ် (Natural Product Expo West) သို့  ထိုင်းအော်ဂဲနစ်ထုတ်လုပ်သူများ ကိုယ်စား လှယ်အဖွဲ့ ကို တက် ရောက်စေမည်ဖြစ်ပါသည်။

DITP ၏ ညွှန်ချုပ် Malee Choklumlerd မှ "အမေရိကန်နိုင်ငံက လက်ရှိ ကမ္ဘာပေါ်မှာ အော်ဂဲနစ်နဲ့ ပတ်သက်ရင် ဒေါ်လာ ဘီလီယံပေါင်း 39 ဘီလီယံ တန်ဖိုးရှိ အကြီးမားဆုံးဈေးကွက်ကြီး အနေနဲ့ ရပ်တည်နေတယ်။ ဈေးကွက်က ဆက်ပြီး ကြီးမားလာမယ့်အလားအလာလည်းရှိတယ်" ဟုဆိုပါသည်။

Choklumlerd မှ ထိုင်းကုမ္ပဏီများအနေဖြင့် ပြိုင်ဘက်များအလယ်တွင် အထူးသဖြင့် ထိုင်း Hom Mali ဆန် နှင့် လက်တို့ စ် ကင်း အုန်းနို့ များဖြင့် ပြုလုပ်ထားသည့် သရေစာများကြောင့် နှာတစ်ဖျားသာနိုင်သည်ဟု ယုံကြည်ထားသည်။

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ပြပွဲတွင် ပြသသူ 3,000နှင့် လာရောက်ပါဝင်ကြည့်ရှုသူ 63,000 ကျော်ရှိမည်ဟု ခန့် မှန်း ထားသည်။

 


 

 

368788