Issue 43

DITP ၏ ညွှန်ချုပ် Malee Choklumlerd မှ 2015ခုနှစ်တွင် ရေခဲရိုက်ထားသည့်၊ အေးခဲထားသည့် နှင့် ပြုပြင်မွမ်းမံထား သည့် ကြက်သား တန်ချိန်ပေါင်း 622,071 တင်ပို့ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း 2.4 ဘီလီယံရရှိခဲ့ ကြောင်း၊ အဓိက တင်ပို့ ရောင်းချသည့် ဈေးကွက်များမှာ ဂျပန်၊ ယူကေ၊ နယ်သာလန်၊ လာအို နှင့် စင်္ကာပူ နိုင်ငံများဖြစ် ကြောင်း ဇန်န၀ါရီလ 25 ရက်နေ့ ကပြောကြားပါသည်။

Choklumlerd မှ "နိုင်ငံတကာအဆင့်မီနည်းလမ်းတွေကို အသုံးပြုထားတဲ့အတွက် ထိုင်းရဲ့ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်
ပစ္စည်းတွေနဲ့ ဆိုင်တဲ့ စီးပွားရေးက အလားအလာအရမ်းကို ကောင်းနေတယ်။ ကျွန်တော်တို့ ရဲ့ လုပ်သားတွေကလည်း အရည်အချင်းမြင့် ကျွမ်းကျင်လုပ်သားတွေပဲဖြစ်တယ်" ဟုဆိုပါသည်။

ထိုင်းနိုင်ငံမှ တောင်ကိုရီးယားနိုင်သို့ ကြက်သားတင်ပို့ ရောင်းချမှုကို စတင်ခြင်းမပြုမီ တောင်ကိုရီးယားနိုင်ငံမှ အာဏာပိုင် များသည် ထိုင်းနိုင်ငံရှိ ကြက်မွေးမြူရေးဆိုင်ရာ အခြေအနေကို ဖေဖော်ဝါရီလအတွင်း လာရောက် ကြည့်ရှုစစ်ဆေးလေ့လာ မည်ဖြစ်ကြောင်း ဆိုးလ်မြို့ ရှိ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းငှာနဆိုင်ရာ ညွှန်ကြားရေးမှူး Panot Punyahotra မှ ပြောကြားပါသည်။

 


 

 

368974