Issue 42

သယ်ယူပို့ ဆောင်ရေးဝန်ကြီးငှာနသည် ဇွန်လတွင် စတင်အသုံးပြုနိုင်ရန်အတွက်မျှော်လင့်ထားသည့် တည်ဆောက်လျက် ရှိသော Bang Yai – Kanchanaburi အမြန်လမ်းမကြီးနှင့်အတူ သယ်ယူပို့ ဆောင်ရေးအခြေခံအဆောက်အအုံကို 2016 ခုနှစ်တွင် တိုးတက်ကောင်းမွန်လာစေရန်အတွက် အစီအစဉ်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် အမြန်လမ်းမ သုံးခုအတွင်းမှ တစ်ခု၏လမ်းကြောင်းသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအား စီးပွားရေးအရ ဆက်သွယ်ပေးမည့် အရေးပါသည့် လမ်းမကြီးတစ်ခုဖြစ်ပါသည်။

သယ်ယူပို့ ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith မှ လွန်ခဲ့သည့်နှစ်တွင် တိုင်းပြည်၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားတိုးတက်ရေး ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကုန်းလမ်း၊ ရေကြောင်းလမ်း နှင့် လေကြောင်းလမ်း အစရှိသည့် သယ်ယူပို့ ဆောင် ရေးလမ်းကြောင်းများ တိုးတက်ကောင်းမွန်စေရန်အတွက် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ ကြောင်း ဇန်န၀ါရီလ 10 ရက်နေ့ တွင်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Termpittayapaisith မှ "2016 ခုနှစ်မှာ ၀န်ကြီးငှာနအနေနဲ့  လက်ရှိတည်ဆောက်လျက်ရှိတဲ့ နှစ်လမ်းတွဲမီးရထားလမ်း (double-track rail lines) နှစ်ခုနဲ့ အမြန်လမ်းမကြီး သုံးခု အစရှိတဲ့ စီမံကိန်း လုပ်ငန်းတွေ ကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟုပြောဆိုပါသည်။ ၀န်ကြီးငှာန၏ လျှပ်စစ်မီးရထား စီမံကိန်း 10 ခုကို ကက်ဘီနက်အစည်းအဝေးသို့ အတည်ပြုရန်တင်ပြရမည် ဖြစ်ပါသည်။ လျှပ်စစ်မီးရထားတိုးချဲ့ အစီအစဉ်အား 12 ကြိမ်မြောက် နိုင်ငံစီးပွားရေးနှင့် လူမှုရေးရာတိုးတက်ကောင်းမွန်ရေးအစီအစဉ် (12th National Economic and Social Development Plan) တွင်ပါဝင်စေမည်ဖြစ်ပါသည်။

 

 

 

368898