Issue 42

DITP၊ ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာကူးသန်းရောင်းဝယ်ရေး အဖွဲ့  (Thai Gem and Jewelry Traders Association (TGJTA)) နှင့် ထိုင်းနိုင်ငံ၏ ကျောက်မျက်၊ လက်ဝတ်ရတနာနှင့် အဖိုးတန်သတ္တု များဆိုင်ရာအဖွဲ့ အစည်း (Gems, Jewelry and Precious Metal Confederation of Thailand (GJPCT)) တို့ ပူးပေါင်း၍ 57 ကြိမ်မြောက် ဘန်ကောက် ကျောက်မျက်နှင့် လက်ဝတ်ရတနာ ပြပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြပွဲပြသသူများဆိုင်ရာ အစည်းအဝေးကို Holiday Inn Bangkok Silom Hotel တွင် ဇန်န၀ါရီလ 6 ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေး ၌ ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာကူးသန်းရောင်းဝယ်ရေး အဖွဲ့  (Thai Gem and Jewelry Traders Association (TGJTA)) ဥက္ကဌ Suttipong Damrongsakul မှ "ဆန်းသစ်ပြောင်းလဲတာတွေလုပ်ဖို့ အတွက် ပြပွဲပြသသူတွေကို တိုက်တွန်းအားပေးချင်ပါတယ်။ ဘာကြောင့်ဆိုရင် နိုင်ငံခြားကနေလာပြီး ၀ယ်ကြမဲ့ ၀ယ်ယူသူတွေ ကို ထိုင်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာကုမ္ပဏီတွေရဲ့ အစွမ်းအစကို သိစေချင်ပါတယ်" ဟုပြောကြားပါသည်။

DITP ၏ အထွေထွေ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သည့် Chantira Jimreivat Vivatrat မှ "အစိုးရကတော့ ထိုင်း ကျောက်မျက်နဲ့ လက်ဝတ်ရတနာ စီးပွားရေးလုပ်ငန်းတွေရဲ့ အစွမ်းကို ယုံကြည်ပြီးသားပါ။ ကူးသန်းရောင်းဝယ်မှုအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အပြုသဘောဆောင်တဲ့ အားပေးမှုတွေကို အသိပေးတင်ပြထားပြီးဖြစ်ပါတယ်" ဟုပြောဆိုခဲ့ပါသည်။

၎င်းမှ "ပြပွဲကို လာကြတဲ့လူတိုင်းက ဆန်းသစ်တဲ့ လက်ရာဒီဇိုင်းတွေကိုတွေ့ ချင်ကြလို့ လာကြတာဖြစ်ပါတယ်။ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက်ကတော့ လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေ အပေါ်မှာပဲမူတည်ပါတယ်" ဟု ဆက်လက်ပြောဆိုပါသည်။

လက်ဝတ်ရတနာနှင့် အဖိုးတန်သတ္တု များဆိုင်ရာအဖွဲ့ အစည်း (Gems, Jewelry and Precious Metal Confederation of Thailand (GJPCT))၏ ဥက္ကဌ ဖြစ်သည့် Somchai Phornchindarak မှ စီးပွားရေးလုပ်ငန်း၏အနာဂတ်မှာ လင်းလက် တောက်ပနေကြောင်းဆိုပါသည်။ "ကျွန်တော်တို့ ကထိုင်းနိုင်ငံကို အာဆီယံရဲ့ ကျောက်မျက်နဲ့ လက်ဝတ်ရတနာ စီးပွားရေး လုပ်ငန်းရဲ့ အဓိက အချက်အချာဖြစ်လာစေဖို့ တွန်းအားပေးဖို့ လိုတယ်" ဟုပြောဆိုပါသည်။

 

 

 

368608