Issue 42

DITP မှ ဇန်န၀ါရီ 23 ရက်မှ 28 ရက်နေ့ အထိ စပိန်နိုင်ငံ၏ မြို့ တော် မဒရစ်တွင် ပြုလုပ်ကျင်းပခဲ့သည့် မဒရစ် အစားအသောက်စုံညီ ပွဲတော် (Madrid Fusion food festival) တွင် ထိုင်းထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ကို မိတ်ဆက်တင်ပြခဲ့ပါသည်။

DITP ၏ အထွေထွေညွှန်ကြားရေးမှူး Malee Choklumlerd မှ "ထိုင်းနိုင်ငံက မဒရစ် အစားအသောက်စုံညီ ပွဲတော် (Madrid Fusion food festival) ကို ထိုင်းမှာရှိတဲ့ Blue Elephant၊ Nahm နဲ့  Redu စားသောက်ဆိုင်တွေက အတော်ဆုံး စားဖိုမှူးတွေကို ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ ဒါ့အပြင်၊ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစားသောက်ကုန်တွေဖြစ်တဲ့ CPF၊ Singha ဘီယာ၊ ထိုင်းဟင်းခတ်အမွှေးအကြိုင်တွေ နဲ့ လတ်လတ်ဆတ်ဆတ်သစ်သီးဝလံတွေရဲ့ အစွမ်း ကောင်း တွေကိုလည်း ပွဲမှာ ပြသနိုင်ခဲ့ပါတယ်" ဟု ပြောပြပါသည်။

မဒရစ်မြို့ တွင် DITP မှ ထိုင်းလက်ရွေးစင်စားသောက်ဆိုင်ငါးဆိုင်နှင့် ထိုင်းအစားအစာများကို ကြော်ငြာသည့် လှုပ်ရှားမှုများကို "စားကောင်းသောက်ဖွယ်ဆိုင်ရာရက်သတ္တပတ်" (Gastronomic Week) ပွဲတော်အတွင်း ပြုလုပ် ဆောင်ရွက်နိုင်ခဲ့ ပါသည်။

Choklumlerd မှလည်း ထိုင်းဖက်ရှင်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ကို ဦးဆောင်၍ စပိန်နိုင်ငံတွင်ရှိသည့် ထိပ်တန်း ဖက်ရှင် အမှတ်တံဆိပ်များ၏ ကိုယ်စားလှယ်များကို အာဆီယံအတွင်းရှိ အထည်ကုန်ကြမ်းရင်းမြစ်ပစ္စည်းများ၊ ထုတ်လုပ်မှု များနှင့် ဒီဇိုင်းများကို လေ့လာရန်၊ ဖက်ရှင်အမှတ်တံဆိပ်များကို အတူတကွပူးပေါင်းတည်ထောင်ထုတ်လုပ်နိုင်ရန် အတွက် တွေ့ ဆုံခဲ့ကြသည်။

 

 

 

365826