Issue 42

ပို့ ကုန်တင်ပို့ မှု နှင့် ပြင်ပရင်းနှီးမြှုပ်နှံမှု တိုးတက်များပြားလာစေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကဆိုင်ရာအဖွဲ့ အစည်းကို ပုဂ္ဂလိက-အစိုးရ လမ်းညွှန်ပဲ့ကိုင်မှုဆိုင်ရာကော်မတီ (Public-Private Steering Committee) အစည်းအဝေးသို့ တက်ရောက်ရန် အတွက် ဖိတ်ကြားခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးငှာန ၀န်ကြီး Abhiradee Tantraporn မှ ဇန်န၀ါရီလ 11 ရက်နေ့  ပြောကြားပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်များတွင် စီးပွားရေး ကဏ္ဍသစ်များဖွင့်လှစ်ခြင်း၊ လုပ်ငန်းလုပ်ခွင့်ပေးအပ်ခြင်း (franchise) နှင့် အရောင်းကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်ခြင်းများအပါအ၀င် ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်း အခြေပြု ရင်းနှီးမြှုပ်နှံမှုများအား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘုတ်အဖွဲ့ (Board of Investment (BOI)) မှ၊ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်း မဟုတ်သည့် အခြားရင်းနှီးမြှုပ်နှံမှုများကို DITP မှ အဓိကတာဝန်ယူဆောင်ရွက်ကြရန်အတွက် ကော်မတီမှ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

၎င်းပြင်၊ အစည်းအဝေးမှ "ပိုမိုကြီးမားကျယ်ပြန့် လာနေသော အာဆီယံ" ('deepening ASEAN') ပဏာမခြေလှမ်း အောက်တွင် ပို့ ကုန်တင်ပို့ မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ 6% တိုးတက်လာရမည့် ရည်ရွယ်ချက်ပန်းတိုင်ချမှတ်ခဲ့ပါသည်။ (နာမည်ကြီး) ကုန်အမှတ်တံဆိပ်များနှင့် စားသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပ၊ ရုပ်ရှင်၊ ဆောက်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေးနှင့် လုပ်ငန်းလုပ်ခွင့်ပေးအပ်ခြင်း (franchise) အစရှိသည့် ကဏ္ဍများကို အလေးပေး ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။

 

 

 

386607