Issue 41

 

Chen Chen All Stars ရုပ်မြင်သံကြား အစီအစဉ်မှ 2015 ခုနှစ်၊ နိုဝင်ဘာလ တွင် ထုတ်လွှင့်ပြသခဲ့သည့် "ထိုင်း နိုင်ငံကို စိတ်ကူးလိုက်ပါ: ကျွန်ုပ်တို့ ၏အလုပ်က သက်သေပြနေပါသည်။" ('Think Thailand: Our Work Speaks for Itself') ဆိုသော အရောင်းမြှင့်တင်ခြင်း ဆိုင်ရာရှိုးပွဲကို တရုတ်နိုင်ငံတွင်ရှိသည့် ကုန်သွယ်ရေး ဆိုင်ရာရုံး မှ စီစဉ်ပြုလုပ်ခဲ့ပါသည်။

Weibo တွင် တရုတ်နိုင်ငံမှ အားပေးထောက်ခံသူ 1.7 သန်း ရရှိထားသည့် ထိုင်းနိုင်ငံ၏ အကျော်အမော် အနုပညာရှင် မင်းသမီးတစ်ဦးဖြစ်သည့် Om Suchar Manaying သည် ထိုင်းထုတ်ကုန်နှင့် ၀န်ဆောင်မှုများ၏ ရောင်းအားကို မြှင့်တင်ရန်အတွက် အစီအစဉ်တွင်ပါဝင်ခဲ့သည်။

တရုတ်နိုင်ငံရှိ ကုန်သွယ်ရေးဆိုင်ရာရုံး၏ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးဖြစ်သည့် Bunika Jamsai မှ ထိုင်းထုတ်ကုန် နှင့် ၀န်ဆောင်မှုများ၏ ပုံရိပ်ကိုမြှင့်တင်ရန်အတွက် ထိုင်းအစားအစာ၊ လက်မှုအနုပညာပစ္စည်းများ၊ စပါများ နှင့် ထိုင်းအနှိပ် ပညာများအကြောင်း ရှင်းလင်းပြောပြခဲ့ပါသည်။

 

 

 

368041