Issue 41

 

DITP ၏ အထွေထွေ ဒါရိုက်တာ တစ်ဦးဖြစ် သည့် Malee Choklumlerd မှ ထိုင်းကုမ္ပဏီများကို အမေရိကန်နိုင်ငံရှိ LGBT (လိင်တူဆက်ဆံသောအမျိုးသမီး (ယောက်ျားလျှာ)၊ ဂေး၊ လိင်တူလိင်ကွဲဆက်ဆံသူ နှင့် လိင်အင်္ဂါ ပြောင်း ထားသူ) ဈေးကွက်ကို အာရုံစိုက်ရန် တိုက်တွန်းအားပေးလိုက်ပါသည်။

Choklumlerd ပြောကြားချက်အရ အမေရိကန်နိုင်ငံရှိ LGBT စားသုံးသူများ၏ ၀ယ်ယူသုံးစွဲမှုအားသည် စပိန်စကား၊ ယဉ်ကျေးမှု ဆိုင်ရာ အသိုင်းအ၀ိုင်း၏ သုံးဆ နှင့် အာရှနိုင်ငံသားများ၏ နှစ်ဆ ရှိကြောင်း သိရှိရပါသည်။

"LGBT အုပ်စုက ငွေရေးကြေးရေးအတွက် စိုးရိမ်ပူပန် စရာမလိုဘူးလေ။ ဘာလို့ လဲဆိုရင် ကလေးတွေရဲ့ ပညာရေး အတွက် စုဆောင်းစရာမှ မလိုတာ။ ဒါကြောင့် ဈေးကြီးတဲ့ ပစ္စည်းတွေ၊ ၀န်ဆောင်မှုကို ၀ယ်ယူသုံးစွဲ နိုင်တာပေါ့" ဟု မိုင်ယာမီမြို့ အခြေစိုက် ကုန်သွယ်ရေးဆိုင်ရာရုံး ၏ အုပ်ချုပ်မှု ဒါရိုက်တာ Kittinand Yingcharoen မှ ပြောဆိုပါသည်။ ၄င်းမှ ထိုသို့ သောအကြောင်းတရားကြောင့် အမေရိကန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လိုသည့် ထိုင်းစီးပွားရေး လုပ်ငန်းများအတွက် ကောင်းမွန်သည့်အခွင့်အလမ်းဖြစ်ကြောင်း ဆက်လက်ပြောဆိုပါသည်။

ကွန်ပျူတာအစိတ်အပိုင်းများ၊ ရာဘာ ထုတ်ကုန်များ၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာများ၊ အ၀တ်အထည်များ နှင့် ပင်လယ်စာ များတင်ပို့ ရောင်းချရမှုမှာ ပမာဏအများဆုံးဖြစ်ပြီး၊ 2015 ခုနှစ် ဇန်န၀ါရီလ မှ အောက်တိုဘာလ အထိ ထိုင်းနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်း 32.1 ဘီလီယံ (US$32.1 billion) ရှိခဲ့ပါသည်။

 

 

 

368235