Issue 41

 

အစိုးရ၏ စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီအားပေးဆောင်ရွက်မှု များကြောင့် 2016 ခုနှစ်အတွင်း ပို့ ကုန် 5% တိုးမြှင့်လာမည်ဟု ကုန်သွယ်ရေးဝန်ကြီးငှာန (MOC) မှ ခန့် မှန်းကြောင်း DITP ၏ အထွေထွေ ဒါရိုက်တာ တစ်ဦးဖြစ် သည့် Malee Choklumlerd မှ ဒီဇင်ဘာလ 22 ရက်နေ့ တွင်ပြောဆိုပါသည်။

Choklumlerd ၏ပြောကြားချက်အရ အမေရိကန် (US) နိုင်ငံ၊ အီးယူ EU နိုင်ငံများနှင့် အပြန်အလှန် ကုန်သွယ်မှုမှာ 3% နှင့် 2.8% အသီးသီး တိုးမြှင့်လာနိုင်ရန် DITP မှ မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းကုန်စည်တင်ပို့ ရောင်းချရမှုကို မြှင့်တင်နိုင်ရန်အတွက် ကုန်သွယ်ရေးဝန်ကြီးငှာန (MOC) မှလည်း နည်းဗျူဟာ ခုနှစ်မျိုး ကို အကောင်အထည်ဖော်ဆောင်မည် ဖြစ်ပါသည်။ ဤတွင် အခြားသောတိုင်းနိုင်ငံများ နှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ ထိုင်းကုန်စည်တင်ပို့ ရောင်းချမှုကို မြှင့်တင်ခြင်း နှင့် နယ်စပ်ကုန်စည်ရောင်းဝယ်ဖောက်ကားမှုကို တိုးမြှင့် ခြင်း များပါဝင်သည်။ အခြားသော နည်းဗျူဟာများတွင် ထိုင်းလူမျိုး ကုန်ထုတ်လုပ်သူများအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုကိုရှာဖွေရန် အားပေးကူညီခြင်း၊ ကုန်စည်ရောင်းဝယ်ဖောက်ကားရေးဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန် စေခြင်း၊ ပို့ ကုန်ကဏ္ဍတွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SMEs) ကို အားပေးမြှင့်တင်ခြင်း နှင့် ပို့ ကုန်များ၏ စံနှုန်းကို တိုးမြှင့်ခြင်းများပါဝင်ပါသည်။

 

 

 

367900