Issue 41

 

ယခုနှစ်တွင်၊ ထိုင်းထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကိုသာမက၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအတွက် ဈေးကွက်သစ်များ ချဲ့ ထွင်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးဖော်ဆောင်ပေးရန်အတွက် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ထိုင်းနိုင်ငံ ရက်သတ္တပတ် 2016 (Thailand Week 2016) အား DITP မှကြီးမှူးကျင်းပပေးသွား မည်ဖြစ်ပါသည်။

ထိုင်းနိုင်ငံ ရက်သတ္တပတ် 2016 (Thailand Week 2016) ပထမပတ်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ တွင် မတ်လ ၁၆ ရက်မှ ၁၉ ရက်နေ့ အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ ရက်သတ္တပတ် ဒုတိယပတ်ကို အိန္ဒိယနိုင်ငံ၊ ချန်ဒီကာမြို့ တွင် မတ်လ ၃၀ရက်မှ ဧပြီလ ၃ ရက်နေ့ အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ ရက်သတ္တပတ် တတိယနှင့် စတုတ္ထပတ်များကို အိန္ဒိယနိုင်ငံရှိ ဘန်းဂလောနှင့် ချန်းနိုင်း မြို့ ကြီးများတွင် သြဂုတ်လ အတွင်းပြုလုပ်ကျင်းပသွားနိုင်ရန် ရည်ရွယ်ထားပါသည်။

"ထိုင်းနိုင်ငံ ရက်သတ္တပတ် (Thailand Week) အစီအစဉ်တွေက ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက် ၀ယ်သူတွေ နဲ့ ဆုံတွေ့ နိုင်မဲ့ အခွင့်အလမ်းတွေကို ရရှိစေမှာဖြစ်သလို၊ တူညီတဲ့ စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ ဆုံဆွေးနွေး နိုင်မဲ့ အစီအစဉ်တွေကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်" ဟု DITP ၏ အထွေထွေ ဒါရိုက်တာ တစ်ဦးဖြစ် သည့် Malee Choklumlerd မှ ဇန်န၀ါရီလ ၄ ရက်နေ့ တွင်ပြောဆိုပါသည်။

ပိုမိုသိရှိလိုပါက www.ditp.go.th တွင်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

 

 

367926