Issue 41

DITP နှင့် ဆော့ဖ်ဝဲလုပ်ငန်းမြှင့်တင်ရေးအေဂျင်စီ (Software Industry Promotion Agency (SIPA)) တို့ သည် ထိုင်း အန်နီမေးရှင်း ကုမ္ပဏီ ငါးခုအား တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် ဒီဇင်ဘာလ ၇ ရက် မှ ၉ ရက်နေ့  အထိပြုလုပ်ကျင်းပသည့် အာရှ အန်နီမေးရှင်းညီလာခံ (Asian Animation Summit (AAS 2015)) သို့ တက်ရောက် စေခဲ့ပါသည်။

ဒီဇင်ဘာလ 28 ရက်နေ့ တွင် DITP ၏ အထွေထွေ ဒါရိုက်တာတစ်ဦးဖြစ်သည့် Malee Choklumlerd မှ "AAS ကို ထိုင်း အော်ပရေတာတွေကို တက်ရောက်စေတာက ဒီနှစ်က တတိယမြောက်နှစ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ထင်ရှားတဲ့ အန်နီမေးရှင်းဖန်တီးတဲ့ပညာရှင်တွေ၊ တီထွင်ဖန်တီးသူတွေ၊ မိတ်ဖက်တွေ၊ ထုတ်လွှင့်ပြသသူတွေ ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မဲ့ အခွင့်အလမ်းကောင်းတွေရှိတဲ့ အပြည်ပြည်ဆိုင်ရာညီလာခံကြီးမှာ ထိုင်းအန်နီမေးရှင်း လုပ်ငန်း ကုမ္ပဏီတွေရဲ့ အလားအလာစွမ်းရည်တွေကို ထုတ်ဖော်ပြသဖို့ အတွက်ဖြစ်တယ်" ဟု ပြောဆိုပါသည်။

ထိုင်းကုမ္ပဏီများသည် လုပ်ငန်းနှင့်လျော်ကန်သင့်မြတ်သည့် လှုပ်ရှားမှု 47 ခုသို့ တက်ရောက်ခဲ့ကြပြီး ခန့် မှန်းခြေအား ဖြင့် ကုန်သွယ်မှုတန်ဖိုး ထိုင်းဘတ်ငွေ သန်းပေါင်း 93.4 သန်းအား ရရှိခဲ့ကြသည်။

 

 

367940