Issue 41

 

တိုရွန်တိုမြို့ တွင်ရှိသည့် ထိုင်းကူးသန်းရောင်းဝယ်ရေးစင်တာ (Thai Trade Centre) သည် ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံး အစားအသောက် လက်လီဖြန့် ချီရောင်းချသည့် Sobeys နှင့် ပူးပေါင်း၍ ကနေဒါနိုင်ငံ ၌ ထိုင်းဆန် ကိုအရောင်းမြှင့်တင်ရန်အတွက် အရောင်းမြှင့်တင်ရေးဆိုင်ရာအစီအစဉ်တစ်ခုအဖြစ် ဆန်နှင့်ပတ်သက်သည့်ပညာ ရေးညီလာခံအား 2015 ခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်ကျင်းပခဲ့ကြပါသည်။

DITP ၏ အထွေထွေ ဒါရိုက်တာတစ်ဦးဖြစ်သည့် Malee Choklumlerd မှ “ညီလာခံကို ကျင်းပပြုလုပ်ရတာက ထိုင်းဆန်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပေးချင်တာရယ်၊ ထိုင်းဆန်ကိုလည်း အနောက်တိုင်း အစားအစာတွေ မှာထည့်သွင်းချက်ပြုတ်နိုင်ပါတယ် ဆိုတဲ့ယုံကြည်မှုကို တည်ဆောက်ပေးချင်တာရယ် တွေကြောင့်ပါ။ Sobeys က ထိုင်းဆန်လုံးလေးတွေရဲ့ အာဟာပြည့်ဝတဲ့ အရည်အသွေးနဲ့ လူကြိုက်များတဲ့ အချက်တွေကြောင့် တင်သွင်းချင်တဲ့ သဘောချင်ရှိတယ်” ဟု ဇန်န၀ါရီလ 1 ရက်နေ့ ကပြောဆိုပါသည်။

 

 

368035