ဒီအိုင်တီသည် အာဖရိကအစိုးရတာဝန်ရှိသူများနှင့် အဓိကစက်ပစ္စည်းတင်သွင်းသူ 23 ဦးတို့အား ဒီဇင်ဘာလ 4 ရက်နေ့မှ 13 ရက်နေ့ အထိပြုလုပ်မည့် 2015 ခုနှစ် ထိုင်းထရက်တာလယ်ထွန်စက်များနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများပြပွဲ၌ ကျင်းပသည့် ကုန်သွယ်ရေးညှိနှိုင်းမှုဆွေးနွေးပွဲတက်ရန်အတွက် ဖိတ်ကြားခဲ့ပါသည်။

ဒီအိုင်တီပီ၏ညွှန်ချုပ်ဖြစ်သူ ဒေါ်မာလီ ချို့ခ်လမ့်လို့ဒ်၏အဆိုအရ ကုန်သွယ်ရေးညှိနှိုင်းမှုဆွေးနွေးပွဲမှ အမေရိကန်ဒေါ်လာ 340,000 ဖိုးရှိ အော်ဒါများကို ရရှိခဲ့ပြီး၊ အာဖရိကနိုင်ငံအသီးသီး၏ ခေတ်ပေါ်စက်မှုလုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများလိုအပ်ချက်ရှိနေခြင်းကြောင့် အာဖရိကဒေသမှ ပစ္စည်းအ၀ယ်အော်ဒါများသည် ဘတ်သန်း 100 ဖိုးသို့ တစ်နှစ်အတွင်း ရောက်ရှိလာလိမ့်မည်ဟု မျှော်မှန်းထားပါသည် လို့ သူမကဆိုပါတယ်။

 

 

368730